ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်

ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်
Published 1 February 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် အမိန့်အမှတ် ၅/၂၀၂၁ ဖြင့် ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှုရပ်စဲကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ည ၈ နာရီခွဲခန့်က ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် ဦးခင်မောင်တင် (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)၊ ဦးမင်းလွင် (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)၊ ဦးတင်မြင့် (ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)၊ ဦးမောင်မောင်ဝင်း (စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ ဦးဆက်အောင် (စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ ဒေါက်တာမင်းရဲပိုင်ဟိန်း (စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ ဦးဗရတ်ဆင်း(ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးဟောက်ဒိုဆွမ်း (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)၊ ဦးအောင်လှထွန်း (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးကြည်မင်း (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဦးလှကျော် (စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးကျော်မျိုး (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးသာဦး (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာရဲမြင့်ဆွေ (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဒေါက်တာထွန်းနိုင် (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)၊ ဦးခင်မောင်ဝင်း (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန) ၊ ဦးအောင်ထူး (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဦးမြင့်ကြိုင် (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးဝင်းမော်ထွန်း (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာမြလေးစိန် (ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)၊ ဦးကျော်လင်း (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးစိုးအောင် (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးတင်လတ် (ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)၊ ဦးလှမော်ဦး (တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန) တို့အား ဒုဝန်ကြီးတာဝန်မှ ရပ်စဲလိုက်ကြောင်း ပါရှိသည်။