ရီးယဲလ်မက်ဒရစ်မှာ ရုန်းကန်ခဲ့ရတဲ့ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်ဟာ အသင်းဟောင်း ဖရန့်ဖတ်ကို အငှားပြောင်းရွှေ့ကစားချိန်မှာ ခြေစွမ်းကောင်းပြန်လည်ပြသနေပြီး ပထမဆုံးကစားခဲ့တဲ့ (၃)ပွဲမှာပဲ သွင်းဂိုး (၃)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းက မက်ဒရစ်မှာကစားခဲ့တဲ့ (၁၈)လတာကာလအတွင်း သွင်းယူခဲ့တဲ့ဂိုးအရေအတွက်ထက် သာလွန်တဲ့မှတ်တမ်းဖြစ်ပါတယ်။ ဖရန့်ဖတ်ကို (၆)လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတဲ့ အသက်(၂၃) နှစ်အရွယ် ယိုဗစ်ကို လက်ရှိခံစားချက်နဲ့ အနာဂတ်အကြောင်း မေးမြန်းခဲ့ရာမှာတော့ . . . . .