မာဆေးလ် - နီးစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၁၀:၃၀ နာရီ)
မာဆေးလ်ရဲ့ ရလဒ်ကျဆင်းသွားမှုက အံ့အားသင့်စရာပါ။ ဒီအချိန်မှာ ရှုံးပွဲဆက်နေတဲ့ နီးစ်နဲ့ လာတွေ့တာ အခွင့်ကောင်းပါပဲ။ မာဆေးလ် ဂိုးမပေးရဘဲ နိုင်လိမ့်မယ်။
အန်ဂါစ် - PSG (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၇ ရက် နံနက် ၂:၃၀ နာရီ)
PSG အသင်းက ပိုချက်တီနိုလက်ထက်မှာ ပိုမိုပျော်ရွှင်လန်းဆန်းနေတဲ့ပုံကို မြင်ရပြီး ကစားဟန်က ပိုကျစ်လျစ်သွားတယ်။ ခံစစ်အစွန်မှာ လူငယ်(၂)ဦးဖြစ်တဲ့ ဒက်ဂ်ဘားနဲ့ ဘက်ကာကို ရဲရဲဝံ့ဝံ့ အသုံးပြုနေပြီး တိုက်စစ်လိုက်ပါခွင့်လိုင်စင်ကို လွတ်လွတ်လပ်လပ် ပေးထားတယ်။ Full-back Whisperer ဆိုပြီး ခံစစ်အစွန်လူတွေကို အရည်အသွေးမြှင့်တင်ပေးတဲ့နေရာမှာ ကျော်ကြားတဲ့ ပိုချက်တီနိုဆီက နောက်ထပ်စိတ်ဝင်စားစရာ တောင်ပံတစ်စုံ ထပ်ရမလား စောင့်ကြည့်ချင်စရာပါ။ အန်ဂါစ်က မိုနာကိုကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ အဆိပ်ရှိတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ အသင်းကြီးတချို့ကို ဒုက္ခပေးထားတယ်။ တိုက်စစ် ထက်မြက်ပြီး ဂိုးသွင်းအားကောင်းတယ်။ ဒါပေမဲ့ PSG က ခြားနားတဲ့ ပြိုင်ဘက်ဖြစ်ပြီး ပိုမိုသတိကြီးတဲ့ ချဉ်းကပ်ပုံကို မြင်လာရတယ်။ (၂-ဝ)လောက်နဲ့ PSG နိုင်သွားဖို့များတယ်။















