၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ယူနစ်သန်းပေါင်း ၂၇၃၃၆ ထုတ်လုပ်မည်ဖြစ်ပြီး ယခင်နှစ်ထက် ယူနစ်သန်းပေါင်း ၅၂၄၇ ပိုမိုထုတ်လုပ်မည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ယူနစ်သန်းပေါင်း ၂၇၃၃၆ ထုတ်လုပ်မည်ဖြစ်ပြီး ယခင်နှစ်ထက် ယူနစ်သန်းပေါင်း ၅၂၄၇ ပိုမိုထုတ်လုပ်မည်
သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 11 January 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ယူနစ်သန်းပေါင်း ၂၇၃၃၆ ထုတ်လုပ်မည်ဖြစ်ပြီး ယခင်နှစ်ထက် ယူနစ်သန်းပေါင်း ၅၂၄၇ ပိုမိုထုတ်လုပ်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စုများ တိုးတက်ဆောင်ရွက်ထားရှိမှု အခြေအနေအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ယူနစ်သန်းပေါင်း ၂၂၀၈၉ ထုတ်လုပ်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်အထိ စာရင်းများအရ သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၃၅၅၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၇၁၁၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၉၂၉၅၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂၂၀၈၉ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၃၅ ထုတ်လုပ်သွားမည်ဟု သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှ မဂ္ဂါဝပ် ၄၀၊ LNG မှ မဂ္ဂါဝပ် ၉၀၀ နှင့် ကျောက်မီးသွေးမှ မဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှ စုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ LNG မှ ၁၃ ရာခိုင်နှုန်း၊ ဆိုလာမှ တစ်ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်း ထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ မဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ် ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်း ထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလို ဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

နှစ်အလိုက် လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလို ဝပ်နာရီ ၄၃၂ အထိရှိလာခဲ့ကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent