လက်ရှိဘဏ္ဍာနှစ် သုံးလတွင် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၃၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၄၀ ကျော် ပိုမိုဖြစ်ပေါ်

လက်ရှိဘဏ္ဍာနှစ် သုံးလတွင် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၃၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၄၀ ကျော် ပိုမိုဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 9 January 2021

လက်ရှိဘဏ္ဍာနှစ် သုံးလတွင် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့ဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၃ဝကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၄၀ ကျော်ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်ဝါရီ ၁ ရက်အထိ သုံးလတွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၃ ဒသမ ၆၈၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် လျော့ကျခဲ့သည်။ သွင်းကုန်တင်သွင်းမှုသည် ဒေါ်လာ ၃ ဒသမ ၉၂၀ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် လျော့ကျသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားပြည်ပမှ တင်သွင်းရသည့် သွင်းကုန် ပမာဏပိုများနေခြင်းကို ဆိုလိုသည်။

လက်ရှိဘဏ္ဍာနှစ်သုံးလတွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုအား နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်တင်သွင်းမှုက ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၂၃၄ ဒသမ ၅၂၅ သန်းပို၍များနေခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်သုံးလတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၂၃၄ ဒသမ ၅၂၅ သန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၈၉ ဒသမ ၂၃၃ သန်းသာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ်သုံးလကျော်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄၅ ဒသမ ၂၈၉ သန်း ပိုမိုဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများ ရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှမဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်းလျော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေလျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

“ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှုအား ကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာမွေးမြူရေးက တက်လာတယ်။ ကြက်စာအရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းကတန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆိုတန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလဲဒီဘက်ကလုပ်ငန်းတွေကတိုးတက်မှာ ဒါတွေကလျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာ ရှိတယ်။ စားအုန်းဆီကလည်းလျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်းလျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Most Read

Most Recent