ရီးယဲလ်အသင်းကွင်းလယ်လူ မိုဒရစ် တစ်နှစ်သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရ

ရီးယဲလ်အသင်းကွင်းလယ်လူ မိုဒရစ် တစ်နှစ်သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရ
Photos : Getty Images
Photos : Getty Images
Published 27 December 2020

ရီးယဲလ်မက်ဒရစ်အသင်း ၀ါရင့်ကွင်းလယ်လူ မိုဒရစ်သည် ၂၀၂၂ ခုနှစ်အထိ ဆက်ရှိနေမည့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရထားပြီဖြစ်ကြောင်း သိရသည်။

မိုဒရစ် (၃၅ နှစ်) ၏ စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရပါက နွေရာသီတွင် အလွတ်ထွက်ခွာရန်အတွက် ဇန်နဝါရီမှာပင် လွတ်လပ်စွာ ဆွေးနွေးခွင့်ရမည် ဖြစ်သည်။ 

စပါးအသင်းနည်းပြ မော်ရင်ဟိုက မိုဒရစ်အား အသင်းဟောင်းသို့ ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရထားပြီဖြစ်ကြောင်း Marca သတင်းစာက မနေ့က ဖော်ပြခဲ့သည်။

Most Read

Most Recent