အသင်း၏ စိတ်ဓာတ်ပိုင်းကို ပီယာလို ဝေဖန်ပြစ်တင်

အသင်း၏ စိတ်ဓာတ်ပိုင်းကို ပီယာလို ဝေဖန်ပြစ်တင်
Photo: Juvefc
Photo: Juvefc
Published 24 December 2020

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက ဖီအိုရင်တီးနားအား အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်း၏ စိတ်ဓာတ်ပိုင်းကို ဝေဖန်ပြစ်တင်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီပထမဦးဆုံးစီးရီးအေရှုံးပွဲအား ဖီအိုရင်တီးနားနှင့်ပွဲတွင် ရင်ဆိုင်ခဲ့ရပြီး အသင်းသားများအနေဖြင့် နှေးကွေးလေးလံ၍ အာရုံမစိုက်နိုင်ဖြစ်နေခဲ့သည်ဟု ပီယာလိုက ဝေဖန်ခဲ့သည်။

ပီယာလိုက ''ဘာဆင်ခြေမှ ပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ဟာ ပွဲကို မှားယွင်းတဲ့စိတ်ဓာတ်ပိုင်းနဲ့ စတင်ခဲ့ကြတယ်။ ဒီပုံစံနဲ့ ကစားရင် ဒီလိုဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ရမှာပါပဲ။ ကျွန်တော်တို့ဟာ နှေးကွေးလေးလံပြီး အာရုံစိုက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် အရှုံးဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ အေစီနဲ့ အင်တာက ကျွန်တော်တို့အထက်မှာ ရှိနေတာ သူတို့က ပိုကောင်းနေလို့ပါ''ဟု Sky Sports Italia သို့ ပြောကြားခဲ့သည်။

Most Read

Most Recent