ဒါဖတ်ပြီးမှ အွန်လိုင်းမှတစ်ဆင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ပါ

ဒါဖတ်ပြီးမှ အွန်လိုင်းမှတစ်ဆင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ပါ
ငွေကြေးလိမ်လည်ခဲ့သဖြင့် အမှုဖွင့်ခံထားရသူများ သုံးစွဲခဲ့သည့် Page ကို တွေ့ရစဉ်
ငွေကြေးလိမ်လည်ခဲ့သဖြင့် အမှုဖွင့်ခံထားရသူများ သုံးစွဲခဲ့သည့် Page ကို တွေ့ရစဉ်
Published 6 December 2020
ဇော်မင်းနိုင်

လုပ်ငန်းပြနိုင်ခြင်းမရှိသော်လည်း လစဉ်ပုံမှန်ငွေပြန်ဝင်နေခြင်းမှာ ရင်းနှီးမြှုပ်နှံသူများအတွက် မက်လောက်စရာအခြေအနေဖြစ်ခြင်းကြောင့် ငွေကြေးထပ်မံထည့်ဝင်တဲ့ အချိန်တွင် အခုလိုလိမ်လည်မှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

“ တချို့က ပြောကြတယ်။ ပိုက်ဆံမက်လို့ဖြစ်တာဆိုပြီးတော့။ ဒါပေမဲ့ ဝင်ငွေမရှိဖြစ်နေတဲ့အချိန်မှာ လစဉ်ဝင်ငွေသဘောမျိုးရနေတော့ လုပ်မိတာပဲ။ အစတုန်းက မှန်နေတော့ အခုလိုဖြစ်မယ်လို့ ထင်မထားဘူးလေ” လို့ ကိုပိုင်က ပြောပါတယ်။

ငွေကြေးအလိမ်ခံရသူ စုစုပေါင်း ၁၀၀ ကျော်ရှိပြီး အနည်းဆုံး ကျပ်သိန်း ၅၀၀၀ ကျော်မှာရှိတယ်လို့ ကိုပိုင်က ဆိုပါတယ်။

 

Most Read

Most Recent