အေစီမီလန်ဂန္ထဝင်နောက်ခံလူ ဘာရီဆီက အသင်း၏ ဂုဏ်ထူးဆောင် ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ဂုဏ်ပြုခံရသည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ဘာရီဆီသည် ကစားသမားဘဝ နှစ်(၂၀)ကာလပတ်လုံး အေစီမီလန်အသင်း၌သာ ကစားခဲ့သူဖြစ်ပြီး အေစီမီလန်အသင်းသည် ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၆)အားအနားပေးကာ ဂုဏ်ပြုခဲ့သည်။

အေစီမီလန်အသင်းသည် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ရာတွင် အသစ်ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့ကို ကြေညာခဲ့ခြင်းဖြစ်ပြီး အသက်(၆၀)အရွယ် ဘာရီဆီအား ဂုဏ်ထူးဆောင် ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဘာရီဆီက "အသင်းကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်ကို ဂုဏ်ယူမှုတွေနဲ့ ပြည့်နှက်စေပါတယ်။ အသင်းရဲ့ အသိအမှတ်ပြုမှုအပေါ် အရမ်းပျော်ရွှင်ပါတယ်"ဟု ပြောကြားခဲ့သည်။















