“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ”(တနင်္သာရီ တိုင်းဒေသကြီး)

“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ”(တနင်္သာရီ တိုင်းဒေသကြီး)
Published 1 November 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။

အမည် - ဦးမင်းဟန်ဦး

အသက် - ၄၄ နှစ်

ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်းအောင်

လူမျိုး - မွန်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးမင်းဟန်ဦးသည် ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု  ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် လက်ရှိရွေးကောက်ပွဲတွင် လူထုထောက်ခံမှုမြင့်တက်မှုအရ ဦးမင်းဟန်ဦးသည် ဒေသခံ မွန်လူမျိုးများ၏ ထောက်ခံမှုကို ရရှိသည်ဟု ဆိုနိုင်သည်။ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီတို့ အနိုင်ရရှိထားသည် မဲဆန္ဒနယ်ဖြစ်သည့်အတွက် ဦးမင်းဟန်ဦးအနေဖြင့် ဒေသခံများ၏ထောက်ခံမှုရန် လိုအပ်နေသည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမား အင်အားစုပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမည် - ဦးအောင်စိန်

အသက် - ၇၀ နှစ်

ပညာအရည်အချင်း - B.Sc,R.L,H.G.P

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးအောင်စိန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီမှ ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ်ပြီး ၁၉၇၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ မြန်မာ့စီးပွားရေးဘဏ်တွင် လက်ထောက်ငွေကြေးဌာနစိတ်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ပထမအကြိမ်၊ ပြည်သူ့ကောင်စီ ရပ်/ကျေးအလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ဦးအောင်စိန်အနေဖြင့် ယင်းမဲဆန္ဒတွင်  အဓိကပြိုင်ဘက်အဖြစ် ပြည်ခိုင်ဖြိုးပါတီကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ဖြစ်သည်။

အမည် - ဦးတင်ရှိန်

အသက် - ၆၀ နှစ်

ပညာအရည်အချင်း - B.Sc,(B.Ed)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးတင်ရှိန်သည် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ  ကိုယ်စားပြု၍ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ဒုတိယညွှန်ကြားရေးမှူးအဆင့်ဖြင့် အငြိမ်းစားယူထားသူလည်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည်။ ဦးတင်ရှိန်အနေဖြင့်၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သုံးသပ်ရသည်။

အမည် - ဦးတိုးဝင်း

အသက် - ၅၉ နှစ်

ပညာအရည်အချင်း - B.E (Civil) အဆင့်မြင့်အောင်

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးတိုးဝင်းသည် ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် အင်အားကြီးပါတီတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်သည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ် (၁၂) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် NLD ပါတီကို မဲအရေအတွက် ၆၀၀၀ ကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် မဲဆန္ဒနယ်ပြောင်းလဲပြီး ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းမဲဆန္ဒသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ရွေးကောက်တွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမည် - ဦးထွန်းရီ

အသက် - ၆၃ နှစ်

ပညာအရည်အချင်း - B.A (Q) ,B.E.d (credit)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးထွန်းရီသည် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကိုယ်စားလှယ်ပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး လက်ရှိတွင် အငြိမ်းစားယူထားသူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ NDF ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမည် - စောအိမ်ဂျယ်ဂျူး

အသက် - ၄၁ နှစ်

ပညာအရည်အချင်း - ၁၀ တန်း

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

စောအိမ်ဂျယ်ဂျူးသည် သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကရင်ပြည်သူ့ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ကရင်ပြည်သူ့ပါတီသည် တိုင်းဒေသကြီးအများစုရှိ ကရင်လူမျိုးများ၏ ထောက်ခံမှုအားကောင်းသောပါတီ ဖြစ်သောကြောင့် စောအိမ်ဂျယ်ဂျူးအနေဖြင့် ဒေသခံကရင်လူမျိုးများ၏ စိတ်ဝင်စားမှုခံရသူဟု သုံးသပ်ရသည်။ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အားကြီးပါတီကြီးနှစ်ခုဖြစ်သည့်  NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်ဖြစ်ပြီး NLD ပါတီက အနိုင်ရထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းပါတီကြီးနှစ်ခုအပြင် ပါတီသစ်များဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အမည် - ဦးတင်ထူးအောင်

အသက် - ၃၄ နှစ်

ပညာအရည်အချင်း - လူဦးရေးပညာဘွဲ့ (BPS) ရန်ကုန်စီးပွားရေး တက္ကသိုလ်

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

 ဦးတင်ထူးအောင်သည် သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ရဲမှုထမ်းဟောင်း အရာရှိတစ်ဦးဖြစ်ပြီး ဒုတိယရဲအုပ်အဆင့်ဖြင့် အငြိမ်းစားယူထားသူလည်း ဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အားကြီးပါတီကြီးနှစ်ခုဖြစ်သည့် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက အနိုင်ရရှိထားသည် မဲဆန္ဒနယ်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီကြီး နှစ်ခုအပြင် ကရင်ပြည်သူ့ပါတီ၊ UBP ပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အမည် - ဦးဝင်းဟိန်း

အသက် - ၃၁ နှစ်

ပညာအရည်အချင်း - LL.B

လူမျိုး - တရုတ်+ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

 ဦးဝင်းဟိန်းသည်  တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် လူငယ်ပိုင်းဖြစ်ပြီး တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမည် - ဦးထွေးနိုင်

အသက် - ၃၃ နှစ်

ပညာအရည်အချင်း - B.A (Geog)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပုလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးထွေးနိုင်သည် ပုလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ၊၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့် ပုလောမဲဆန္ဒနယ်တွင် ပါတီအသစ်တစ်ခု၏ ကိုယ်စားလှယ်လောင်းအဖြစ် ဦးထွေးနိုင်၏ ဝင်ရောက်ယှဉ်ပြိုင်မှုက စိတ်ဝင်စားစရာကောင်းသည်ဟု သုံးသပ်ရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်တွင် ဦးထွေးနိုင်အနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်။

အမည် - ဦးမောင်တူး

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - B.A (History)

လူမျိုး - မွန်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးမောင်တူးသည် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် မွန်လူမျိုးကိုယ်စားလှယ်လောင်းဖြစ်သဖြင့် ယင်းဒေသရှိ မွန်လူမျိုးများကြား စိတ်ဝင်စားမှုရှိသူဟု ဆိုနိုင်သည်။ ၎င်းသည် ရပ်ကွက်ပရဟိတကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပြီး ရာမညမွန်ကျောင်း လူငယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သည်။ ၎င်းအနေဖြင့် မြိတ်မြို့နယ််တွင် နေထိုင်သော ဒေသခံများနှင့် တိုင်းရင်းသားများတို့၏ လိုအပ်ချက်များကို ပြည်သူ့လွှတ်တော်တွင် တောင်းဆိုမည်ဟု ကြွေးကြော်ထားသည်။ ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တစညပါတီနှင့် PPP ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အမည် - ဒေါ်တင်တင်ရီ

အသက် - ၇၃ နှစ်

ပညာအရည်အချင်း - LL.B (ဥပဒေဘွဲ့)

လူမျိုး - ဗမာ

၏ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်တင်တင်ရီသည် ၂၀၁၂ ကြားဖြတ်နှင့်၂၀၁၅ ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကို အနိုင်ရရှိပြီး လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ မြိတ်မြို့၊ ကျွန်းစုမြို့၊ ကော့သောင်းမြို့တို့တွင် ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ (အရေးအခင်းကာလ) ဥပဒေရေးရာမှူးစသည့်တို့ကို ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ- ၅ (ည) အရ ပြစ်ဒဏ် ခုနစ်နှစ်နှင့် အထူးခုံရုံး၏ မတရားအသင်း အက်ဥပဒေ ပုဒ်မ- ၁၇/၁ အရ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ကျခံခဲ့ရသူလည်းဖြစ်သည်။

အမည် - စောချစ်မိုက်မိုက်

အသက် - ၃၁ နှစ်

ပညာအရည်အချင်း - B Econ (Stats)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပုလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

စောချစ်မိုက်မိုက်သည် ပုလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်ပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ စောချစ်မိုက်မိုက်သည် ကရင်လူမျိုးလူငယ်တစ်ဦးဖြစ်သည့်အတွက် ဒေသခံ  ကရင်လူမျိုးများကြား စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ပုလောမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ စောချစ်မိုက်မိုက်အနေဖြင့် ဒေသခံကရင်လူမျိုးများ၏ ထောက်ခံမှုဖြင့် ယင်းပါတီကြီးနှစ်ခုကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး UBP ပါတီ၊ PPP ပါတီတို့ကလည်း ယင်းမဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

အမည် - ဦးဥက္ကာမင်း

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - B.Sc (Maths), Forth Year (Online LLB)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဥက္ကာမင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း အမှတ် (၈) မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်အနိုင်ရရှိသဖြင့် လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် မြိတ်ခရိုင် ကျန်းမာရေးကွန်ရက်ကို စတင်တည်ထောင်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး နိုင်ငံရေးစွမ်းရည်မြှင့် သင်တန်းများပေးခြင်း၊ NLD ပါတီ မြိတ်မြို့နယ် လူငယ်တာဝန်ခံနှင့် တနင်္သာရီတိုင်းဒေသကြီး၊ NLD ပါတီ  လူငယ်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြောင်းလဲယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းမဲဆန္ဒနယ် ပြည်ခိုင်ဖြိုးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ PPP ပါတီ၊ တစညပါတီ၊ UBP ပါတီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အမည် - ဦးကံဝင်း

အသက် - ၆၁ နှစ်

ပညာအရည်အချင်း - ဥပဒေဘွဲ့

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်        

ဦးကံဝင်းသည် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်သူ့ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် ယခင်က ရဲမှူးအဆင့် ရဲအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် PPT ကုမ္ပဏီတွင် လက်ထောက်မန်နေဂျာအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။ မြိတ်မြို့နယ်မဲဆန္ဒနယ်သည် ကျယ်ဝန်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်သည့်မဲဆန္ဒနယ်ဖြစ်သည့်အတွက် ဦကံဝင်း၏ ဝင်ရောက်ယှဉ်ပြိုင်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တစညပါတီနှင့် PPP ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

အမည် - ဒေါ်ခင်ခင်ဝေ

အသက် - ၃၄ နှစ်

ပညာအရည်အချင်း - Final Year(Myan)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - မွန်ညီညွတ်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁)

လူငယ်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သော ဒေါ်ခင်ခင်ဝေသည် တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေတွင်၂၀၁၅ ရွေးကောက်ပွဲ၌ NDF ပါတီ၊ တစညပါတီ၊ USDP ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ NLD ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့က ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းအနေဖြင့် ၂၀၂ဝရွေးကောက်ပွဲတွင် UBP ပါတီ၊ တစညပါတီ၊ USDP ပါတီ၊ NLD ပါတီနှင့် ပြည်ထောင်စု လယ်သမား အလုပ်သမားအင်အားစုပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

 

အမည် - ဦးခင်မျိုးဝင်း

အသက် - ၅၁ နှစ်

ပညာအရည်အချင်း - သတ္တဗေဒဘွဲ့ရ

လူမျိုး - တရုတ်-ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၂)

လက်ရှိအာဏာရ NLD ပါတီကိုယ်စားပြု၍ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ ဦးခင်မျိုးဝင်းဖြစ်သည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်(၁၂) မှ ယှဉ်ပြိုင် အနိုင်ရရှိထားသော အမျိုးသားလွှတ်တော်ကိုယ်စာလှယ်တစ်ဦးလည်းဖြစ်သည်။ ၂၀၁၂ မှ ယနေ့အထိ ဘုတ်ပြင်းမြို့တွင် မြို့နယ် အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းမဲဆန္ဒနယ်မြေတွင် အနိုင်ရရှိရန်အတွက် ၎င်းအနေဖြင့် ပြည်မပါတီကြီး နှစ်ခုဖြစ်သော USDP ပါတီ နှင့် UBP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည် - နော်ချောချောဝေ

အသက် - ၄၂ နှစ်

ပညာအရည်အချင်း - B.Sc(Zoo)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၃)

နော်ချောချောဝေသည် ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သည့်အလျောက် ကရင်ပြည်သူ့ပါတီကို ကိုယ်စားပြုပြီး တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲန္ဒနယ်အမှတ်(၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ် လောင်းတစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် NLD ပါတီ၊ UBP ပါတီ၊ USDP ပါတီနှင့် PPP ပါတီ စသည့် ပြည်မပါတီများဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ အဆိုပါမဲဆန္ဒနယ် အမှတ်(၃)တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ၊ USDP ပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီတို့သာ ယှဉ်ပြိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါတီအရေအတွက် ယှဉ်ပြိုင်မှု တိုးလာခြင်းကြောင့် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်။

 

အမည် - ဦးအောင်မျိုး

အသက် - ၄၃ နှစ်

ပညာအရည်အချင်း - B.Sc(Chemistry)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၃)

ဦးအောင်မျိုးသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၃)တွင် ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်မြေတွင် အနိုင်ရရှိရန် လက်ရှိအာဏာရပါတီဖြစ်သော NLD ပါတီအပြင် ကရင်ပြည်သူ့ ပါတီ၊ UBP ပါတီနှင့် USDP ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃) တွင် ထားဝယ်တိုင်းရင်းသားများပါတီ၊ NLD ပါတီနှင့် USDP ပါတီတို့က ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီ ကိုယ်စားလှယ်က ခိုင်လုံမဲ ၃၄၂၆၆ ဖြင့် အနိုင်ရရှိထားသည်။

အမည် - ဦးမောင်စိန်

အသက် - ၆၉ နှစ်

ပညာအရည်အချင်း - B.A(His)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၄)

ဦးမောင်စိန်သည် USDP ပါတီကို ကိုယ်စားပြုပြီး တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ် တော်မဲဆန္ဒနယ် အမှတ်(၄)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေအတွက် ဝင်ရောက်ယှဉ်ပြိုင် သော ကိုယ်စားလှယ်လောင်းဦးရေသည် လေးဦးသာရှိပြီး ၂၀၁၅ ရွေးကောက်ပွဲကာလနှင့် နှိုင်းယှဉ်ပါက ဝင်ရောက်ယှဉ် ပြိုင်သောကိုယ်စားလှယ်လောင်း အရေအတွက် နည်းပါးသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအရေ အတွက် ခုနစ်ဦးရှိသော ယင်းမဲဆန္ဒနယ်တွင် NLD ပါတီက ခိုင်လုံမဲ သုံးသောင်းကျော်ဖြင့် အနိုင်ရရှိခဲ့သည်။ ဦးမောင်စိန်အနေဖြင့် NLD ပါတီ၊ UBP ပါတီနှင့် NDF ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးနေမျိုး

အသက် - ၅၅ နှစ်

ပညာအရည်အချင်း - B.A(His)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၅)

အတိုက်အခံပါတီကြီး တစ်ခုဖြစ်သော USDP ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုး အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မြေ၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း လေးဦးရှိခဲ့သည်။ USDP ပါတီ၊ တစညပါတီ၊ NLD ပါတီနှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းတို့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲ အသာစီးဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၂၀ ရွးကောက်ပွဲတွင်မူ ယင်းမဲဆန္ဒနယ်၌ ပြည်မပါတီကြီး သုံးခုမှ ကိုယ်စားလှယ် သုံးဦးသာ ဝင်ရောက်ယှဉ်ပြိုင်သည်။

 

အမည် - ဦးထင်ကျော်

အသက် - ၅၇ နှစ်

ပညာအရည်အချင်း - ၁၀ တန်း(ခ)အောင်

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁၂)

ဦးထင်ကျော်သည် လာမည့်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂) မှ ပြည်သူ့ရှေ့ဆောင်ပါတီကိုကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် တနင်္သာရီတိုင်းအတွင်းရှိ ယှဉ်ပြိုင်သူ ကိုယ်စားလောင်းအရေအတွက်များသော မဲဆန္ဒနယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အဆိုပါမဲဆန္ဒနယ်မြေ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနေရာ ဖြစ်သည်။

 

အမည် - ဒေါ်အိသန္တာကျော်

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - L.L.B(Law)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်အိသန္တာကျော်သည် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ ရှေ့ဆောင်ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ဥပဒေဘွဲ့ရလူငယ်တစ်ဦးဖြစ်ပြီး အိမ်ခြံမြေအထွေထွေအကျိုးဆောင်နှင့် ဥပဒေရေးရာအကြံပေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးလည်းဖြစ်သည်။ လူငယ်ပိုင်း ဥပဒေဘွဲ့ရတစ်ဦးအနေဖြင့် ဒေါ်အိသန္တာကျော်အနေဖြင့် ပြိုင်ဆိုင်ပြင်းထန်သည့် မြိတ်မြို့ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှုက စိတ်ဝင်စားစရာကောင်းသည်။ ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တစညပါတီနှင့် PPP ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အမည် - ဦးဝင်းရှိန်

အသက် - ၆၅ နှစ်

ပညာအရည်အချင်း - B.A,B.Ed

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တစ်သီးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၆)

ပညာရေးဝန်ထမ်း အငြိမ်းစားအလယ်တန်း ကျောင်းအုပ်တစ်ဦးဖြစ်သော ဦးဝင်းရှိန်သည့် ၂၀၂၀ ရွေးကောက် ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ အင်အားကြီးပါတီများအကြားတွင် ၎င်းအနေဖြင့် တစ်သီးပုဂ္ဂလ် ဝင်ရောက်၍ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဦးဝင်းရှိန်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ပြည်မနိုင်ငံရေးပါတီများဖြစ်သော ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည် - ဦးဇော်ဟိန်း

အသက် - ၃၆ နှစ်

ပညာအရည်အချင်း - B.Sc(Chem)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၇)

လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူသည ်ဦးဇော်ဟိန်းဖြစ်သည်။ ၎င်းင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ပင် ယှဉ်ပြိုင်အနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သည်။ ဦးဇော်ဟိန်းသည် ရန်ကုန်အဝေးသင်တက္ကသိုလ် ဌာနခွဲ(မြိတ်)တွင် ပညာသင်ကြားခဲ့ပြီး ၂၀၀၃-၂၀၀၄ နှင့် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ကျွန်းစုမြို့နယ်၊ ရတောင်(အတွင်း)၌ စေတနာ့ဝန်ထမ်းကျောင်းဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

 

အမည် - ဒေါက်တာညိုညိုသင်း

အသက် - ၅၂ နှစ်

ပညာအရည်အချင်း - Doctor of Laws(Japan), L.L.M,L.L.B

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တစ်သီးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၉)

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)မှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းသည် လူသိများသူတစ်ဦး ဖြစ်သည်။ ၁၉၉၄ မှ ၂၀၀၇ အထိ အဝေးသင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်တို့တွင် ဥပဒေပညာဌာန၏ ကထိကအဖြစ်လည်းကောင်း၊ ၂ဝဝဝမှ ၂၀၀၆အတွင်း ဂျပန်တက္ကသိုလ်များတွင် မြန်မာ့ရေးရာများကို အချိန်ပိုင်းကထိကအဖြစ် သင်ကြားပို့ချခြင်းကိုလည်းကောင်း၊ ၂၀၀၉ မှ ယနေ့အထိ ပြည်တွင်းပြည်ပအဖွဲ့အစည်းများတွင် ဥပဒေ၊ နိုင်ငံရေးနှင့် ပညာရေးဆိုင်ရာ အကြံပေးအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

 

အမည် - ဦးရဲမြင့်ဆွေ(ခ)ဖိုးလပြည့်

အသက် - ၃၆ နှစ်

ပညာအရည်အချင်း - ဒုတိယနှစ်(ပထဝီ)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၉)

ဦးရဲမြင့်ဆွေသည် လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၂ တွင် NLD ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်အဖွဲ့ချုပ်အောင် နိုင်ရေးအတွက်ဆောင်ရွက်ခဲ့သည်။ ၎င်းသည် တနင်္သာရီမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး၊ တနင်္သာရီတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူးအဖြစ်ဆောင်ရွက်လျက်ရှိသည်။ လွှတ်တော်တွင် လည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေး ရာကော်မတီအတွင်းရေးမှူး၊ မြေယာအငြင်းပွားမှုများ စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သည်။

 

အမည် - စောအောင်ဝင်း

အသက် - ၅၆ နှစ်

ပညာအရည်အချင်း -B.Sc(Chem)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁၁)

ကရင်တိုင်းရင်းသားလူမျိုးတစ်ဦးဖြစ်သော ဦးစောအောင်ဝင်းသည် လာမည့်ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ ပါတီကို ကိုယ်စားပြုပြီး တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) တွင် ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်မြေသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်မြေများအနက် ကိုယ်စားလှယ်လောင်း အရေအတွက်အများဆုံး နယ်မြေများတွင်တစ်ခုအပါအဝင်ဖြစ်သည်။ ဦးစောအောင်ဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တစညပါတီ၊ NLD ပါတီ၊ USDP ပါတီ၊ UBP ပါတီနှင့် PPP ပါတီ တို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးဝင်းခိုင်(ခ) ဦးခိုင်ငယ်

အသက် - ၅၅ နှစ်

ပညာအရည်အချင်း - B.Sc(Botany)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁၁)

သူရဦးရွှေမန်းဦးဆောင်ပြီး ၂၀၁၉ ဧပြီ ၄ ရက်တွင် ပါတီတည်ထောင်ခွင့်ရရှိကာ ဧပြီ ၂၅ တွင် ပါတီအဖြစ် မှတ်ပုံ တင်ခွင့်ရရှိသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းခိုင်(ခ)ဦးခိုင်ငယ်သည် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်အမှတ်(၁၁)၌ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စား လောင်းများယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခိုင်လုံမဲ နှစ်သောင်းခွဲကျော်ဖြင့် အနိုင်ရရှိထားသည်။

အမည် - ဦးအောင်မြင့်သူ

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - ဒုတိယနှစ်(သချာင်္)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်အမှတ်(၁၁)

ဦးအောင်မြင့်သူသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြုပြီး တနင်္သာရီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သော ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံရေးပါတီများတွင် လက်ရှိအာဏာရ NLDပါတီမှ ကိုယ်စားလှယ်လောင်းအပါအဝင် ပြည်မပါတီ လေးခုမှ ကိုယ်စားလှယ်လောင်းများအပြင် တိုင်းရင်းသားပါတီဖြစ်သော ကရင်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းဖြင့်ပါ ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။

အမည် - ဦးကြည်မင်းဟန်

အသက် - ၃၆ နှစ်

ပညာအရည်အချင်း - B.A(Myanmar)

လူမျိုး - မွန်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - မွန်အမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်အမှတ်(၁၂)

ဘွဲ့ရပညာတတ်၊ တိုင်းရင်းသား တစ်ဦးဖြစ်သော ဦးကြည်မင်းဟန်သည် မွန်အမျိုးသားပါတီကို ကိုယ်စားပြုပြီး တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အသက်အရွယ်အားဖြင့် ၃၆နှစ်သာရှိသေးသော လူငယ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် ရွေး ကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကြ့ံခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီမှ ကိုယ်စားလှယ်လောင်းများဖြင့် ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်သည်။

Most Read

Most Recent