ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ကင်းစစ်ဒေသတွင် PNA ၏ စစ်သင်တန်းဆင်းပွဲကို အင်အားနှစ်သောင်းကျော်ဖြင့် ပြုလုပ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ကင်းစစ်ဒေသတွင် PNA ၏ စစ်သင်တန်းဆင်းပွဲကို အင်အားနှစ်သောင်းကျော်ဖြင့် ပြုလုပ်
Published 3 October 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ(၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ကင်းစစ်ဒေသတွင် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) ၏ စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာ ၃၀ ရက်က အင်အားနှစ်သောင်း ကျော်ဖြင့် ပြုလုပ်ခဲ့ကြောင်း PNA က သတင်းထုတ်ပြန်ထားသည်။

ရန်ကင်းစစ်ဒေသတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်း အောင်ပွဲအခမ်းအနားကို စစ်အင်အား နှစ်သောင်းကျော်ဖြင့် ပြုလုပ်ရာတွင် အခမ်းအနားသို့ PNA စစ်ကော်မတီ  ဒုတိယဥက္ကဌ ဖြားပီတာထွန်းနိုင်၊ PNA ဒုတိယစစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNA) အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေနှင့် ဒေသရပ်ရွာ ခေါင်းဆောင် အကြီးကဲများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၁ ရက်ကလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ရန်အတွက် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ၏ အမှတ်စဉ် (၁) စစ်သင်တန်းဆင်းပွဲ ကို သြဂုတ် ၂၁ ရက်က ပြုလုပ်ခဲ့ပြီး အင်အားတစ်သောင်းခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ (၆) အဖြစ် အုပ်ချုပ်နေခြင်းလည်းဖြစ်သည်။

Most Read

Most Recent