စိန်ခေါ်သူ ဒီရစ်ဒါ၏ ချုပ်ကွက်ကြောင့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၌ ပထမဦးဆုံးအကြိမ် အောင်လအန်ဆန် ရှုံးနိမ့်

စိန်ခေါ်သူ ဒီရစ်ဒါ၏ ချုပ်ကွက်ကြောင့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၌ ပထမဦးဆုံးအကြိမ် အောင်လအန်ဆန် ရှုံးနိမ့်
Photos: ONE Championship
Photos: ONE Championship
Published 30 October 2020

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ပထမအချီတွင် ချုပ်ကွက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ 

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက်ပိုင်း (၄)ပွဲမြောက်ထိုးသတ်ရသည့် ချန်ပီယံကာကွယ်ပွဲဖြစ်ပြီး (၄)ကြိမ်မြောက် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲတွင် ပထမဦးဆုံး အကြိမ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် Stand Up Game ဗျူဟာကို ရွေးချယ်ခဲ့သော်လည်း ပထမအချီမှာပင် ဒီရစ်ဒါ၏ ချုပ်ကွက်ကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ 

ပထမအချီ (၂)မိနစ်ကျော်မှာပင် ဒီရစ်ဒါက အောင်လအန်ဆန်၏ ပင့်လက်သီးချက်ကို ရှောင်ရှားကာ ဝင်ချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး Rear-Naked Choke ကွက်ဖြင့် အောင်လအန်ဆန်ကို အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ONE Championship နှင့် လက်တွဲခဲ့ပြီးနောက်ပိုင်း ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး၊ ပထမဆုံးအကြိမ်တွင်လည်း ပထမအချီတွင်ပင် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ယခုရှုံးပွဲမတိုင်မီ  ပွဲစဉ်စုစုပေါင်း (၇)ပွဲတိတိကို အနိုင်ရထားသည်။

■အခြားတွဲဆိုင်း ရလဒ်များ

Lightweight World Championship

Christian Lee(နိုင်) vs Iuri Lapicus

Featherweight World Championship

 Martin Nguyen vs (နိုင်) Thanh  Le

Strawweight World Championship

 Xiong Jing Nan (နိုင်) vs  Tiffany Teo

Lightweight

Antonio Caruso (နိုင်) vs Eduard Folayang

Atomweight

 Ritu Phogat (နိုင်) vs Nou Srey Pov

Most Read

Most Recent