■ ပရီးမီးယားလိဂ် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်
Published 26 October 2020

ဘရိုက်တန် - ဝက်စ်ဘရွန်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၇ ရက် ဝဝးဝ၀ နာရီ)

ရလဒ်ပိုင်းအရဆိုရင်တော့ ဘရိုက်တန်ရဲ့ရလဒ်တွေက ကျဆင်းလာပါတယ်။ ဒါပေမဲ့ သူတို့ကစားနေတဲ့ပုံစံက တန်းဆင်းမဲ့အသင်းမျိုးမဟုတ်ဘဲ မာကျောတောင့်တင်းတဲ့အသင်းဆိုတာကို သက်သေပြနေတယ်။ အလယ်အလတ်အဆင့်၊ တည်ငြိမ်တဲ့အသင်း ကောင်းပါ။ ဝက်စ်ဘရွန်းကစားသမားတွေရဲ့အရည်အသွေးကို သဘောကျပေမယ့် မာကျောပြီး Effective ဖြစ်တဲ့ ဘရိုက်တန်ကို ပိုကြိုက်တယ်။ 

ဘန်လေ - စပါး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

ရလဒ်ပိုင်းက အားရစရာမဟုတ်ပေမဲ့ စပါးသွားနေတဲ့ လမ်းကြောင်းက စိတ်ဝင်စားစရာပါ။ ဆွဲဆောင်မှုရှိတဲ့ ကစားပုံကိုလည်း ပြခဲ့တယ်။ ဝက်စ်ဟမ်းကို သွင်းခဲ့တဲ့ (၃)ဂိုးထဲက (၂) ဂိုးလောက်ပဲ ပြန်အသွင်းခံရရင်တောင် စပါးရဲ့ယုံကြည်မှုရော၊ ခြေစွမ်းရောက အမြင့်ဆုံးအဆင့်ကို ရောက်တော့မှာဖြစ်ပြီး အခုတော့ ဒီလိုပွဲမျိုးကို အနိုင်ကစားပြပြီး ပြန်တည်ဆောက်ဖို့ လိုလာပါတယ်။ ဘန်လေ ညံ့နေချိန်ဆိုတော့ စပါး ကံကောင်းပါတယ်။ 

Most Read

Most Recent