UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos: EPA & Getty Images
Photos: EPA & Getty Images
Published 10 October 2020

လူဇင်ဘတ် - ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ ည ၇:၃၀ နာရီ)

ဆိုက်ပရပ်စ်က အိမ်ကွင်း(၂)ပွဲကစားခဲ့ပြီး အဇာဘိုင်ဂျန်ကိုရော၊ မွန်တီနီဂရိုးကိုပါ ရှုံးခဲ့တယ်။ အခြေအနေ တော်တော်ဆိုးနေပြီး လူဇင်ဘတ်ကွင်းမှာလည်း နိုင်ပွဲရဖို့ မရှိပါဘူး။ အလွန်ဆုံးသရေလောက်ပဲ ရမယ်။ 

မွန်တီနီဂရိုး - အဇာဘိုင်ချန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ ည ၇:၃၀ နာရီ)

မွန်တီနီဂရိုးက ဒီအုပ်စုမှာ အခြားအသင်းတွေထက် သိသိသာသာအသာရနေပြီး၊ နိုင်ပွဲရဖို့ မခက်ပါဘူး။ အဇာဘိုင်ဂျန်ကတော့ မွန်တီနီဂရိုးရဲ့ အားအကောင်းဆုံးပြိုင်ဘက်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ မွန်တီနီဂရိုးကို ယှဉ်ကစားနိုင်မှာ မဟုတ်ဘူး။ မွန်တီနီဂရိုးပဲ နိုင်လိမ့်မယ်။ 

စပိန် - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁:၁၅ နာရီ)

ဆွစ်ဇာလန်က ယူကရိန်းကို ရှုံးခဲ့ပေမယ့် ဂျာမနီနဲ့ပွဲတုန်းကတော့ သရေကစားနိုင်ခဲ့တယ်။ စပိန်ရဲ့လက်ရှိလူစာရင်းက ဥရောပ ထိပ်တန်းအသင်းကြီးတွေထဲမှာတော့ တော်တော်လေးအားနည်းပါတယ်။ ဘာစီလိုနာ၊ ရီးယဲလ်တို့ ဥရောပကိုလွှမ်းမိုးထားတုန်းက အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းမျိုးမဟုတ်တော့ဘူး။ ယူကရိန်းကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် စပိန်ကိုသိပ်စိတ်မချသေးပါဘူး။ နိုင်ရင်တောင် ကပ်နိုင်ပဲဖြစ်မယ်။ 

ယူကရိန်း - ဂျာမနီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁:၁၅ နာရီ)

ရှက်ဗ်ချင်ကိုရဲ့ ယူကရိန်းက ခြေငြိမ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြင်သစ်နဲ့ပွဲမှာတော့ ဂိုးပြတ်ရှုံးသွားတယ်။ ဂျာမနီကလည်း ဒီဘက်နှစ်တွေမှာ ကျဆင်းလာပါတယ်။ ကြယ်ပွင့်တွေထွက်လာပေမယ့် အသင်းလိုက်ကစားပုံရော ခြေစွမ်းရော တက်မလာဘူး။ သရေတော့ ယူကရိန်းမျှော်လင့်နိုင်တယ်။ 

ဖာရိုးကျွန်းစုများ - လတ်ဗီးယား* (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ ည ၁၀:၃၀ နာရီ)

*လက်ချင်စတိန်း - ဂျီဘရော်လ်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ ည ၁၀:၃၀ နာရီ)

*အန်ဒိုရာ - မော်လ်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁:၁၅ နာရီ)

Most Read

Most Recent