COVID ကာလ လူအများရဲ့အကျပ်အတည်း၊ ဖိစီးမှုနဲ့ သတင်း သိပိုင်ခွင့်အတွက် မှန်ကန်မျှတတဲ့ မူဝါဒ

COVID ကာလ လူအများရဲ့အကျပ်အတည်း၊ ဖိစီးမှုနဲ့ သတင်း သိပိုင်ခွင့်အတွက် မှန်ကန်မျှတတဲ့ မူဝါဒ
COVID ကာလ အရှိန်မြင့်သည့်အချိန်သို့ မရောက်သေးသည့်ကာလက နေပြည်တော်ရှိ သတင်းစာရှင်းလင်းပွဲတွင် သတင်းရယူနေသည့် သတင်းထောက်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
COVID ကာလ အရှိန်မြင့်သည့်အချိန်သို့ မရောက်သေးသည့်ကာလက နေပြည်တော်ရှိ သတင်းစာရှင်းလင်းပွဲတွင် သတင်းရယူနေသည့် သတင်းထောက်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
Published 29 September 2020
နရီမင်း၊ ဇော်မင်းနိုင်

ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် အစိုးရက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၂၈ မြို့နယ်ကို Stay at Home အစီအစဉ် စတင်ကြောင်း စက်တင်ဘာ ၂၀ ရက်တွင် စတင်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သုံးထောင်နီး ပါးရှိလာချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လိုက်နာရမည့်စည်းကမ်းချက်များမှာ မိမိနေအိမ်တွင်သာနေထိုင်ရန်၊ အစိုးရဝန်ထမ်းများအနေဖြင့် နှစ်ပတ်ရုံးတက်ပြီး အိမ်မှနေ၍ နှစ်ပတ်အလုပ်လုပ်ရန်၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး၊ အ အေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ် တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံများမှအပ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင် ရွက်ရန်၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင် ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သို့ သွားရောက်ခြင်းမပြုရန် စ သည်ဖြင့် ဖော်ပြထားသည်။

ယင်းအပြင်စျေးဝယ်ထွက်ရမည်ဆိုပါ က တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းတပ်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန် လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များ နှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကို ရပ်ကွက်ကျော်သွားလာခွင့်ပြုရန်၊ ရပ်ကွက် အတွင်းစျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံဆေး ခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်း အပြင်ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန် ထုတ်ပြန်ထားသည်။

သတ်မှတ်ဦးရေထက် ပိုမိုသွားရောက်ရန်ဖြစ်စေ၊ အရေးပေါ်ကိစ္စရပ်များအတွက် သွားရောက်ရန်ဖြစ်စေလိုအပ်လာပါက ရပ် ကွက်အုပ်ချုပ်ရေးအဖွဲ့ထံသို့ သတင်းပို့ရမည် ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် လည်း သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက် အတွင်းမှလည်းကောင်း ဝင်ထွက်ခွင့်မပြုရန် ဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ထားသည့်အချက်များကို မလိုက်နာပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ကြေညာခဲ့သော်လည်း နောက်တစ်ရက်တွင် ခြွင်းချက်အနေဖြင့် ခွင့်ပြုသူ အလုပ်အကိုင်များကို ထပ်မံဖြည့်စွက်ခဲ့သည်။

ယင်းအလုပ်အကိုင်များမှာ Relief Flight များ၊ Cargo Flight များနှင့် အထူး စင်းလုံးငှားလေယာဉ် ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ် သော လေကြောင်းလိုင်းများ/အထွေထွေ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ၊ မြေ ပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေယာဉ်ဆီ ဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ ခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန် ဆောင်မှုလုပ်ငန်း(Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီ များ၊ လေယာဉ်တင် အစားအသောက် ထုတ် လုပ်တင်ပို့ခြင်းလုပ်ငန်း၊ လေယာဉ်ပြုပြင်ထိန်း သိမ်းမွမ်းမံခြင်းလုပ်ငန်းမှ ဝန်ထမ်းများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်း များ၊ သင်္ဘောလိုင်းဌာနေ ကိုယ်စားလှယ်ရုံး များ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ် ငန်းများ၊ ဆိပ်ကမ်းပို့ ကုန်/သွင်းကုန် သယ် ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေ ယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာ စခန်းများနှင့် ကုန်းတွင်းဆိပ်များ၊ဆက်သွယ် ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ် သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုး ဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင် မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချ ခြင်း၊ ဒေတာရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်းဝန်ဆောင်မှုလုပ်ငန်းမှ ဝန် ထမ်းများအား ဖြည့်စွက်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင် ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ခွင့်ပြုထားသည့်လုပ်ငန်းများမှအပ ကျန်လုပ် ငန်းများလုပ်ကိုင်လည်ပတ်ခွင့်ကို ပိတ်ခဲ့သည်။

ထို့ပြင် မြို့နယ်တစ်ခုမှ အခြားမြို့နယ် တစ်ခုသို့ သွားရောက်ခြင်းများကိုလည်း စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ပညာပေးကာလအဖြစ်သတ်မှတ်ပြီး မြို့နယ်ကျော် မော်တော်ယာဉ်များကို အရေးကြီးကိစ္စမရှိပါက နောက်ကြောင်းပြန်လှည့်ရန် ညွှန်ကြားခဲ့သည်။

ယင်းသို့အစိုးရက စီးပွားရေးမြို့တော် ရန်ကုန်မြို့အား Stay at Home အစီအစဉ် စတင်ကြောင်း ကြေညာလိုက်သည့်အချိန် တွင် ထိခိုက်မှုအများဆုံးမှာ အခြေခံလူတန်း စားများဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။

အခြားသောတိုင်းဒေသကြီးနှင့် ပြည် နယ်များမှ ရန်ကုန်မြို့သို့ လာရောက်လုပ်ကိုင်သည့် လူတန်းစားများနှင့် လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ သာကေတ၊ သန်လျင် စသည့် နေရာများတွင် နေထိုင်သူများမှာ အလုပ် ထွက်လုပ်ရန် မည်သို့မျှ မတတ်နိုင်တော့ချေ။

“မနက်ကို အလုပ်သွားဖို့ ဖယ်ရီကားက ဘယ်အထိလာရမလဲဆိုတာ မသိဘူး။ ကျွန် မကလည်း ဒီကနေထွက်ဖို့အဆင်မပြေဘူး” ဟု သန်လျင်မြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ လာရောက် အလုပ်လုပ်ကိုင်သူတစ်ဦးက ပြော ကြားသည်။

ထို့ပြင် စျေးသည်များ၊ လက်လုပ်လက် စားသမားများအတွက် မည်သည့်ထောက်ပံ့ မှုမျှ မရရှိသေးသည့်အခြေအနေတွင်အိမ်ထဲ တွင်နေရပါက စားသောက်ရေးအတွက် အခက်အခဲများ ကြုံတွေ့လာပြီဖြစ်သည်။

အစိုးရက CMP စနစ်တွင် ပါဝင်သည့် လူမှုဖူလုံရေးကြေး ပေးသွင်းထားသည့် အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများအတွက် ပိတ်ထားသည့်ကာလအတွင်း လစာ၏ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးမည်၊ လူမှုဖူလုံ ရေးကြေးပေးသွင်းခြင်းမရှိသည့် အလုပ်သမားများအတွက် ကျပ် သုံးသောင်းထောက်ပံ့မည်ဟု ဆိုထားသည်။

သို့သော်ယင်းအချက်တွင်လည်း မေးခွန်းထုတ်ရမည့် အခြေအနေများရှိနေသည်။ လူမှုဖူလုံရေးကြေးပေးသွင်းထားသည့် စက်ရုံများရှိသော်လည်း အလုပ်သမားများ၏ မူ ရင်းလစာမှာ နည်းပါးနေပြီး ယင်းအလုပ်သမားများမှာ အချိန်ပိုကြေးများကြောင့်တစ်လ လျှင် ကျပ် နှစ်သိန်းမှ သုံးသိန်းအထိသာရရှိ နေခြင်းဖြစ်သည်။ မူလလစာမှာမူ အချို့စက် ရုံများတွင် သောင်းဂဏန်းမျှသာရရှိသည့် အလုပ်သမားများလည်းရှိနေသည်။

ယင်းအလုပ်သမားများအပြင် လက် လုပ်လက်စားအလုပ်သမားများအတွက် ခက် ခဲသည့်အခြေအနေတစ်ရပ်မှာ စုဆောင်းထား သည့်ငွေကြေးမရှိခြင်းကြောင့် အိမ်တွင် နေ ရမည့်ကာလအတွက် စားသောက်နိုင်ရန် မည်သို့မျှ စုဆောင်းနိုင်မည်မဟုတ်ချေ။

“အရင်တုန်းကလည်း ဘယ်လိုမှ စုလို့ ဆောင်းလို့မရဘူး။ တရက်တရက်ရတာက စျေးဖိုးနဲ့တင်ကုန်နေတာ။ ဒီကြားထဲ အလုပ်မရှိတဲ့အချိန်တွေက ရှိခဲ့တော့ အကြွေးယူ။ အလုပ်ရရင် အကြွေးပြန်ပေးနဲ့ နေလာရ တာ။ ရိက္ခာကြိုစုဖို့ဆိုတာ စဉ်းတောင်မစဉ်းစားရဲ ဘူး။ အခုတော့ရှိတာလေးပဲစားနေရတာပဲ။ ရေရှည်တော့ဘယ်လိုနေမလဲ မတွေးရဲဘူး” ဟု ပန်းရံလုပ်ငန်းလုပ်ကိုင်သည့် လှိုင်သာယာ မြို့နယ်နေ ကိုမြင့်ဦးက ပြောကြားသည်။

စက်ရုံအလုပ်ရုံများ ပိတ်ထားသည့်ကာ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်နေ ထိုင်သူများအတွက် ရာရှင်(Ration) စနစ် ဖြင့် အခြေခံစားသောက်ကုန်များဖြန့်ဖြူးပေး နိုင်ရေးအတွက် အစိုးရက စီစဉ်နေသည်ဟု သတင်းများထုတ်ပြန်ထားသော်လည်း မည်သည့်ပုံစံဖြင့် ဖြန့်ဝေမည်၊ တစ်ဦးလျှင် မည်မျှ ရရှိမည်ဆိုသည်ကို မသိရှိရသေးပေ။ ရပ် ကွက်များတွင် နေထိုင်သူများ၏စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုက်လံ ကောက်ခံလျက်ရှိနေသည့်အခြေအနေတွင် ပင်ရှိသည်။

Stay at Home  အခြေအနေများတွင် အချို့လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်  ခွင့်ပြုထားပြီး အချို့အားရပ်နားထားရန် ညွှန် ကြားထားခြင်းကြောင့် အခြေခံလူတန်းစား များထိခိုက်နစ်နာမှုများကို ဖော်ပြခဲ့ခြင်းဖြစ် သည်။ Stay at Home ဟုဆိုသော်လည်း Lockdown ဆန်ဆန် စီစဉ်ဆောင်ရွက်ထား ပြီး အခက်အခဲဖြစ်သူများကို မည်သည့်ပုံစံ ဖြင့် ကုစားပေးမည်ဆိုသည့် အစီအမံများမှာ နောက်ကျနေသည်ဟုဆိုရမည်ဖြစ်သည်။

ခွင့်ပြုလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိ သဖြင့် အခက်တွေ့နေသည့်လုပ်ငန်းတစ်ခု မှာလည်း မီဒီယာလုပ်ငန်းဖြစ်သည်။

ပုဂ္ဂလိကမီဒီယာများအတွက် ဆက် လက်လုပ်ကိုင်ခွင့်မှာခွင့်ပြုလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိသဖြင့် ပြည်တွင်းမီဒီယာအဖွဲ့ အစည်းများအနေဖြင့် မည်သို့လုပ်ကိုင်ရမည် ကို မသိရှိသေးပေ။

“သတင်းတစ်ခုဖြစ်ပြီဆိုလို့ သွားရင် အဖမ်းခံရမှာလား၊ ဘာလားဆိုတာက မသိဘူး။ နားလည်မှုနဲ့ သွားလို့ရတယ်ဆိုပေမဲ့ ဘယ်လိုမှအဆင်မပြေဘူး။ မြို့နယ်တစ်ခုက တစ်ခုက သွားမယ်ဆိုရင် စစ်ဆေးမှုတွေကလည်းရှိ နေတော့။ သတင်းကို အချိန်မီယူလို့ မရဘူးဖြစ် နေတယ်။ ပြီးတော့ စိုးရိမ်စိတ်ပေါ့”ဟု ပြည်တွင်းမီဒီယာတစ်ခုတွင် သတင်းထောက်အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းပုဂ္ဂလိက မီဒီယာများသတင်း ရယူပိုင်ခွင့်မှာ မေးခွန်းထုတ်ရမည့်အခြေအနေ ဖြစ်သော်လည်း နိုင်ငံပိုင်မီဒီယာများနှင့် Sky Net ကဲ့သို့ ရုပ်သံမီဒီယာများမှာ ပုံမှန်အတိုင်းသာ ထုတ်လွှင့်တင်ဆက်ခြင်းများကို လုပ်ကိုင်နေရာ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။

စက်တင်ဘာ ၂၈ ရက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရန်ကုန်မြို့တွင်းအခြေအနေ များကို ဓာတ်ပုံရိုက်ကူးခဲ့ပြီး သတင်းဖော်ပြခဲ့ ရာ သတင်းရယူပိုင်ခွင့်မှာ ပြည်တွင်းမီဒီယာများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

“ကောင်းလှချည်လား ခင်ဗျားတို့ ဒီမိုကရေစီအစိုးရ။ မိုက်လှချည်လား သတင်းမီဒီယာသမား (ဟောင်း) ဝန်ကြီး နှစ်ယောက် စီမံခန့်ခွဲနေတဲ့ သတင်းမီဒီယာ။ စေတနာရှိလိုက်တဲ့ ခင်ဗျားတို့လုပ်ရပ်၊ သာဓုအကြိမ် ကြိမ်ခေါ်လိုက်မယ်ဗျာ။ ဟော လော့ဒေါင်းလို့ နာမည်မတပ်ရဲတဲ့အစိုးရရဲ့ စတေးဟုမ်း ကာလမှာ သတင်းမီဒီယာတွေပါ အပြင်မထွက်ရတဲ့အထဲပါတယ်။ ရွေးကောက်ပွဲနီး လာတာရော၊ သတင်းမှားတွေ အကြီးအကျယ် ပျံ့လာတာရော အကြောင်းကြောင်းကြောင့် မီဒီယာတွေ အပြင်ထွက် သတင်းယူဖို့လိုတဲ့ အကြောင်း တောင်းဆိုကြတယ်။ ဂရုမစိုက် ဘူး။ ခုတော့ ခင်ဗျားတို့ရဲ့ သတင်းမီဒီယာကျင့် ဝတ်တွေ ပြည့်နှက်ပြီး ပြည်သူအတွက် တောက်လျှောက် အလုပ်အကျွေးပြုလာတဲ့ လွတ်လပ်တဲ့မီဒီယာကြီးရဲ့ သတင်းထောက်တွေကျ မြို့ထဲ သွားချင်တိုင်းသွားလို့ ရရော လားဗျာ။ ကောင်းလိုက်တဲ့ ဥပဒေ။ ပုဂ္ဂလိက မီဒီယာတွေ ခုချိန်အပြင်ထွက် ဓာတ်ပုံရိုက်၊ သတင်းယူကြည့်၊ ဖမ်းခံရရင် ဒီဖက် သားသမီးတွေက ပြောကြဦးမယ်၊ အပြင်မထွက်ရဘူး ပြောထားတာ၊ မင်းတို့က အခွင့်ထူးခံတွေလားပေါ့”ဟု ပြည်တွင်းမီဒီယာများတွင် အစီအစဉ် တင်ဆက်သူအဖြစ်လုပ်ကိုင်နေသည့် ကိုမြတ်ကျော်သူက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေ သည့်ကာလတွင် ပြည်သူများအတွက် သတင်းသိပိုင်ခွင့်မှာ အရေးကြီးသည့်အခြေအနေသို့ ရောက်ရှိနေပြီး နိုင်ငံပိုင်သတင်းစာ များက ဖော်ပြမှုများနှင့် လုံလောက်ပြီလားဟု DVB သတင်းဌာနမှ Current Affairs ဒါရိုက်တာ ကိုသန်းဝင်းထွဋ်က ပြောကြားသည်။

“နိုင်ငံပိုင်မီဒီယာတွေက ဘယ်လောက် ထိ ပြည်သူလူထုအတွက် ၁၀၀ ရာခိုင်နှုန်း အားကိုးလို့ရသလဲ။ ပုဂ္ဂလိက မီဒီယာလုံးဝ မရှင်သန်နိုင်ဘဲ နိုင်ငံပိုင်မီဒီယာတစ်ခုတည်းနဲ့ လုံးဝသတင်းအချက်အလက်ကို ဘယ်လောက်အထိ ၁၀၀ ရာခိုင်နှုန်းပေးနိုင်သလဲ ဆိုတာကို မြန်မာပြည်မှာ သက်သေတွေရှိခဲ့ ဖူးပါတယ်။ နာဂစ်က အစလေ မှတ်မိမှာပေါ့။ ကျွန်တော်တို့တော့ အတတ်နိုင်ဆုံးလုပ်နေတယ်။ အိမ်မှာအလုပ်လုပ်တာ ဖြစ်ဖြစ်၊ရုံးမှာ Lockdown လုပ်တာဖြစ်ဖြစ်၊ လမ်းပေါ်မှာ  လုပ်ရတာဖြစ်ဖြစ် သတင်းလုပ်ရတာစိတ် သွားတိုင်း ကိုယ်မပါဘူးပေါ့လေ။ ကိုယ့်နိုင်ငံအတွက် အရေးကြီးတဲ့အချိန်ဆိုတော့ အားထည့်ပြီးတော့ လုပ်ချင်တယ်”ဟု DVB သတင်းဌာနမှ Current Affairs ဒါရိုက်တာ ကိုသန်းဝင်းထွဋ်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်အတွက် မြန်မာနိုင်ငံသတင်းကောင်စီ (MPC) နှင့် အခြားသော မီဒီယာအဖွဲ့အစည်းများက အစိုးရထံ တောင်းဆိုမှုများရှိခဲ့သည်။

MPC က အစိုးရထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာတွင် သတင်းမီဒီယာဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချိခြင်း အစရှိသည် တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်း အချက်အလက်၊ ရုပ်ပုံ ဒီဇိုင်း စသည့်အသွင် သဏ္ဌာန်များ အသုံးပြုကာ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိ သော အင်တာနက်မီဒီယာ သို့မဟုတ် အခြား နည်းလမ်းများဖြင့် လုပ်ကိုင်သည့်အများပြည် သူဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်း များကိုဆိုသည်}ဟု သတင်းမီဒီယာဥပဒေ ပုဒ်မ(၂) အပိုဒ်ခွဲ(က) တွင် သတင်းမီဒီယာ၏လုပ်ငန်းသဘာဝကို ဖော်ပြထားကြောင်း၊ ယခုလို ကိုဗစ်ကာလနှင့်ရွေးကောက်ပွဲစည်းရုံးရေးကာလများတွင် ပြည်သူများထံသို့သ တင်းမှန်များ ပုံမှန်စီးဆင်းရန် လိုအပ်ကြောင်း ရေးသားထားသည်။

ပြည်သူများထံသို့ သတင်းမှန်များစီး ဆင်းမှုမရှိပါက ကောလာဟလသတင်းများ၊ သတင်းတု၊ သတင်းမှားများ ပိုမိုများပြားလာ နိုင်ကြောင်း၊ ယင်းကြောင့် Stay at Home ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အမိန့်တွင် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်း သတ်မှတ်ပေးနိုင်ပါရန် မေတ္တာရပ်ခံတင်ပြထားကြောင်း အသိပေး အပ်သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ဆက်လက်ရေးသားထားသည်။

ပြည်တွင်း သတင်းထောက်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ကလည်း သတင်းတု သတင်းမှားများ ဆက်တိုက်ထွက်ရှိနေသည့်အချိန်တွင် Professional သတင်းမီဒီယာ၏ သတင်းများ အချိန်နှင့်တစ်ပြေးညီ စီးဆင်းနိုင်ရန် လိုအပ်ချိန်ဖြစ်ပြီး Stay at Home အစီအစဉ်တွင် သတင်းမီဒီယာများကို ချန်လှပ်ပေးရန် သတင်းထုတ်ပြန်ခဲ့သည်။

COVID-19 ပညာပေး၊ ရွေးကောက်ပွဲ အသိပညာပေး သတင်း အချက်အလက်များ ပြည်သူ့ထံအချိန်နှင့် တစ်ပြေးညီ စီးဆင်းစေရန် လိုအပ်နေသကဲ့ သို့ လုပ်ကြံသတင်းများ၊ သတင်းတု၊ သတင်းမှားများအပေါ် ပြည်သူ များ အမြင်ရှုပ်ထွေးမှု မဖြစ်ရန်၊ စိုးရိမ်သောကများ လျှော့ချနိုင်ရန်အတွက် သတင်းမီဒီယာများ အား Stay at Home အစီအစဉ်တွင် ချန်လှပ်ပေးရန်နှင့် အထူးသဖြင့် အထူးသဖြင့် လုပ်ကြံသတင်းများ၊ သတင်းတု၊ သတင်းမှား များကို ပြည်သူလူထုအနေဖြင့် ရင်ဆိုင်နေရချိန်တွင် Professional သတင်းမီဒီယာ၏ သတင်းများအချိန်နှင့်တစ်ပြေးညီ စီးဆင်းနိုင်ရန် လိုအပ်ချိန်ဟု သဘောပေါက်မိပါသည်” ဟု MJN ၏ တိုက်တွန်းချက်တွင် ရေးသား ထားသည်။

သတင်းမီဒီယာများသည် ပြည်သူများ ကို သတင်းအချက်အလက် ဝန်ဆောင်မှုပေး နေသည့် လုပ်ငန်းတစ်ခုဖြစ်၍ တရားဝင် လုပ်ဆောင်ခွင့်ပြုရန် တိုက်တွန်းကြောင်းနှင့်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေ ဖြင့်လည်း အဆိုပါကိစ္စအား သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်း ပေးရန်အတွက် MJN က အစိုးရသို့ တိုက် တွန်းကြောင်းတောင်းဆိုထားသည်။

COVID-19 ကူးစက်ခံရမှု အရှိန်ဖြင့် တက်နေသော်လည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဆောင်မည်ဟု ကြေညာထား သည့်အချိန်တွင် ပြည်သူများအတွက် သတင်း သိပိုင်ခွင့်မှာ အရေးကြီးသည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေသည့် ကာလလည်းဖြစ်သည့်အပြင် ကမ္ဘာ့ကပ်ရော ဂါကလည်း အရှိန်ဖြင့် ကူးစက်နေရာ ယင်းအ ခြေအနေမှာ ပြည်သူများအတွက် သတင်းများ ရယူစားသုံးခွင့်မှာ အရေးတကြီးလိုအပ်သည်။

နယူးဇီလန်နိုင်ငံ

နယူးဇီလန်နိုင်ငံတွင် Lockdown  ချမှတ်သည့်ကာလတွင် သတင်းမီဒီယာများမှာ ပြည်သူများအတွက် အရေးကြီးသည့်သတင်း အချက်အလက်များ၊ လက်တွေ့ကျသည့် အကြံဉာဏ်များနှင့် သုံးသပ်ချက်များ ပေးရ မည် ဖြစ်သောကြောင့် မရှိမဖြစ် ဝန်ဆောင်များ၌ ပါဝင်ပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုထားသည်။

COVID-19 ရောဂါကူးစက်မှု ပထမလှိုင်း၌ နယူးဇီလန်နိုင်ငံသည် မတ် ၂၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ် မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီတင်းလေးပတ်ကြာ Lockdown ပြုလုပ်ခဲ့သည်။ နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ် ထပ်မံကူးစက်ခံရသူ ၃၆ ဦး ထပ်မံ ပေါ်ထွက်လာကာ စုစုပေါင်း ၁၀၂ ဦး ဖြစ် လာပြီးနောက်  Lockdown အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ နယူးဇီလန်၌ Lockdown ချထားခြင်းနှင့် ပတ်သက်၍ NZ Herrald သတင်းစာက သိမှတ်ဖွယ်ရာ များကို ဖော်ပြခဲ့ရာ အချက်အလက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

မဖြစ်မနေမဟုတ်သော လုပ်ငန်းများအားလုံးကို ပိတ်ပစ်ရမည်ဖြစ်ပြီး လူတိုင်းသည် တစ်ဦးတည်း လေ့ကျင့်ခန်းလုပ်ခြင်းနှင့် မရှိမဖြစ် ဝန်ဆောင်မှုများထံသို့ သွားခြင်းတို့မှ လွဲ၍ နေအိမ်ထဲ၌သာ နေကြရမည်ဖြစ်သည်။  Lockdown ချထားစဉ်အတွင်း စူပါမားကက်များကို ဆက်လက်ဖွင့်ထားမည်ဖြစ်ပြီး ထောက်ပံ့ရေးလမ်းကြောင်းကို ဆက်လက် ထားရှိရမည်ဖြစ်သည်။ Lockdown တာဝန်အဖွဲ့များအနေဖြင့် အနေအထားအရနှင့် အနေအထား ဖြစ်ပေါ်ပြောင်းလဲမှုအရ အကြံဉာဏ်များကို Update လုပ်ပေးသွားရ မည်ဖြစ်သည်။ Lockdown  ချလိုက်သည့်အခါ ဦးစွာကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်ရန် လိုသည်။ နိုင်ငံသားများအနေဖြင့် စူပါမားကက်များသို့ သွားနိုင်ဆဲဖြစ်ပြီး ယင်းတို့၌ အစားအစာများ အမြဲရှိနေမည်ဖြစ်သည်။ ထောက်ပံ့ရေးလမ်းကြောင်း ဆက်လက်လည်ပတ်နေစေရန်အတွက် အစိုးရက တာဝန်ယူ တာဝန်ခံထားရမည်ဖြစ်သည်။ သို့သော် နိုင်ငံသားများအနေဖြင့် မိမိဘာသာ အစီအစဉ်များ စတင်ချမှတ်ကာ ပြင်ဆင်ထားသင့်သည်။ ယင်းတို့၌ မိမိတို့၏မိသားစုများ၊ ဆွေမျိုးများတို့နှင့် တိုင်ပင်ကာ အစီအစဉ်များ ရေးဆွဲ ခြင်း၊ မိမိတို့၏ လူ့အသိုင်းအဝိုင်းအတွင်း ဆက်သွယ်ရန် အသေးစိတ်အချက်များ ရေးဆွဲ ထားခြင်းနှင့် Lockdown  ကာလတစ်လျှောက် မိမိတို့အနေဖြင့် မည်သို့မည်ပုံ ဆောင်ရွက် မည်နည်းဟူသည်ကို တွေးတောခြင်းတို့ ပါဝင်သည်။ မိမိအနေဖြင့် အလုပ်ကို အိမ်မှနေ၍ လုပ်ဆောင်၍ ဖြစ်နိုင်သလားဟူသည်ကို သိရှိထားသင့်သည်။ မိမိအနေဖြင့် နေအိမ်မှ အဝေးသို့ ရောက်ရှိနေပါက ချက်ချင်း နေရပ်ပြန်ရန် စီစဉ်ရမည်ဖြစ်သည်။

Lockdown ၏ ရည်မှန်းချက်သည် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ရန်ဖြစ်သည်။ အစိုးရအနေဖြင့် ဖြစ်နိုင်သည့် အန္တရာယ်များနှင့် လူအုပ်အတွင်း ပျံ့နှံ့မှုတို့ ကို တွက်ချက်သုံးသပ်ကာ ဘေးကင်းလုံခြုံမှုရှိပါက တစ်ဆင့်ချင်း ပြန်လည်လျှော့ချသွားရမည်ဖြစ်သည်။ Lockdown သတ်မှတ်ချက်များနှင့်အညီ အမိန့်အာဏာ ထိန်းသိမ်းခြင်း ကို ရဲတပ်ဖွဲ့နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များက ဆောင်ရွက်ရသည်။ လမ်းများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လုံလောက်စွာ ချထားရမည် ဖြစ်သည်။ လိုအပ်ပါက တပ်မတော်မှ ပူးပေါင်းကူညီရမည်ဖြစ်သည်။ Lockdown  ၏ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရသူများကို အာဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။ အစိုးရအနေဖြင့် ရောဂါခြေချုပ်ချထားခြင်းကို ငြင်းဆန်သူများကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။

Lockdown  ၏ စည်းမျဉ်းများ၌ မည်သည်တို့ကို မရှိမဖြစ် ဝန်ဆောင်မှုများဟု သတ်မှတ်မည်နည်းဟူသည့် အချက်က အရေးကြီးသည်။ စူပါမားကက်များနှင့် ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထားရှိရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်  စားနပ်ရိက္ခာနှင့် ဆေးဝါးတို့အတွက် ပူပင်ကြောင့်ကြမှု မရှိရအောင် ဆောင်ရွက် ပေးရန် အစိုးရက တာဝန်ယူ တာဝန်ခံရမည် ဖြစ်သည်။ အဆိုပါ စူပါမားကက်များ ဘေးကင်းလုံခြုံမှုကို ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ဆရာဝန်များ၊ ဆေးဝါးပညာရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ဆက်လက်အလုပ်လုပ်ကိုင်ရန် လိုအပ်သောကြောင့် ဆေးရုံများနှင့် ဆေးခန်းများ ဆက်လက်ဖွင့်ထားရမည် ဖြစ်သည်။ အရေးပေါ်ဝန်ဆောင်များနှင့် အရေးကြီးသော ဆောက် လုပ်ရေးလုပ်ငန်းအချို့ကို ဆက်လက်လုပ်ကိုင်ခွင့် ပြုရမည်ဖြစ်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ပြီး ပြည်သူတို့အတွက် မရှိမဖြစ် ဝန်ဆောင်မှုအားလုံးကို ခွင့်ပြုထားရမည်ဖြစ်သည်။

ရေဒီယို၊ ရုပ်သံ၊ သတင်းစာ အစရှိသည့် မီဒီယာများအားလုံးသည် ပြည်သူများအား အရေးကြီးသည့် သတင်းအချက် အလက်များ၊ လက်တွေ့ကျသော အကြံဉာဏ်များနှင့် သုံးသပ်ချက်များ ပေးရမည် ဖြစ်သောကြောင့် မရှိမဖြစ် ဝန်ဆောင်များ၌ ပါဝင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုထားရမည် ဖြစ်သည်။

■ အိန္ဒိယနိုင်ငံ

အစိုးရက Lockdown  ချထားစဉ်ကာလအတွင်း မရှိမဖြစ် ဝန်ဆောင်မှုများကိုသာ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ခွင့်ပြုခဲ့သည်။ ထို့ ကြောင့် မိမိတို့ လုပ်ငန်းတာဝန်များအား စိုး ရိမ်ရမှုမရှိဘဲ ထမ်းဆောင်နိုင်ရန်အတွက် မရှိမဖြစ် ဝန်ဆောင်မှုများစာရင်း၌ ပါဝင်သူများကို ရှင်းရှင်းလင်းလင်း သိထားရန် အရေးကြီးသည်။

အစိုးရအတွင်း မရှိမဖြစ် ဝန်ဆောင် မှုများအနေဖြင့် ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီး သတ်တပ်ဖွဲ့၊ ရေ၊ လျှပ်စစ်၊ သန့်ရှင်းရေး၊ ထောက်ပ့ံရေးတို့ ပါဝင်သည်။ အခြားဌာန များမှ ဝန်ထမ်း ၇၅ ရာခိုင်နှုန်းအထိကို လစာ ခံစားခွင့်ရှိသည့် ခွင့်ပေးခြင်း သို့မဟုတ် အလှည့်ကျ တာဝန်ချထားခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။

စျေးများအတွင်း မရှိမဖြစ် ဝန်ဆောင်မှုများအနေဖြင့် ကုန်ခြောက်ဆိုင်များ၊ ဟင်းသီးဟင်းရွက်၊ နွားနို့နှင့် ဆေးဝါး ရောင်းချ သည့် ဆိုင်များ ပါဝင်သည်။ ထို့ကြောင့် ယင်း တို့ကို ရောင်းချသည့် ဆိုင်များအနေဖြင့် ဆက်လက်ဖွင့်လှစ်ထားရမည်ဖြစ်ပြီး ယင်း ဆိုင်များတွင် အလုပ်လုပ်သူများအနေဖြင့် လုပ်ငန်းခွင်သို့ လာရောက်ရမည်ဖြစ်သည်။ အစားအစာနှင့် အခြားမရှိမဖြစ်ပစ္စည်းများ ရောင်းချသည့် အွန်လိုင်းဝန်ဆောင်မှုများကိုလည်း ဆက်လက်လုပ်ကိုင်ခွင့် ပြုထားသည်။ သို့သော် ယင်းကုမ္ပဏီအများစုအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများအား နေအိမ်များမှ နေ၍ အလုပ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများကိုလည်း ရွေးချယ်စဉ်းစားရမည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသည်လည်း မရှိမဖြစ် ဝန်ဆောင်မှုများထဲ၌ ပါဝင်သည်။ မီးရထားလုပ်ငန်းအနေဖြင့် ဆင်ခြေဖုံးဒေသများသို့ ပြေးဆွဲသည့် ရထားအားလုံးကို ရပ်ဆိုင်းလိုက်ပြီး ပြည်နယ်အ များစုသည် ပြည်နယ်များအကြားနှင့် ပြည် နယ်တွင်း ပြေးဆွဲနေသည့် ဘတ်စ်ကားများ၊ မီးရထားများနှင့် ပုဂ္ဂလိကကဏ္ဍမှ တက္ကစီ များ၊ ဘတ်စ်ကားများနှင့် လျှပ်စစ်ဆိုက်ကား များ အစရှိသည်တို့ကို ရပ်ဆိုင်းလိုက်သော် လည်း အများပြည်သူသုံး သယ်ယူပို့ဆောင် ရေးယာဉ်အချို့ကို မရှိမဖြစ် ဝန်ဆောင်မှုများ စာရင်းသို့ ထည့်သွင်းခဲ့သည်။ ယင်းစာရင်း တွင် အစားအစာ၊ ဆေးဝါး၊ လောင်စာဆီ သယ်ယူသည့် ယာဉ်များ၊ လူနာတင်ယာဉ် များအပြင် လေဆိပ်များ၊ ဆေးရုံများနှင့်  မဟာဗျူဟာအရ အရေးပါသော အခြားနေ ရာများကဲ့သို့သော မရှိမဖြစ် ဝန်ဆောင်မှု နေရာများကို ဆက်သွယ်ပေးနေသည့် နိုင်ငံပိုင် ဘတ်စ်ကားအချို့လည်း ပါဝင်သည်။ ၎င်းတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းခွင်များသို့ လာရောက်ရမည်ဖြစ်သည်။

LPG ဖြန့်ချိရေး အေဂျင်စီများ၊ ဓာတ်ဆီဆိုင်များနှင့် PDS ဖြန့်ချိရေးဌာနများအနေဖြင့် အစိုးရအတွက် အလုပ်လုပ်နေခြင်း မဟုတ်သည့်တိုင် မရှိမဖြစ် ဝန်ဆောင်မှုများ လုပ်ကိုင်နေခြင်းဖြစ်ရာ Lockdown ကာလ အတွင်း သွားလာမှုကန့်သတ်ခြင်းမှ ကင်းလွတ်ခွင့် ရရှိပြီး ယင်းတွင် အလုပ်လုပ်ကိုင် နေသူများအနေဖြင့် လုပ်ငန်းခွင်သို့ လာ ရောက်ရမည်ဖြစ်သည်။

အိန္ဒိယသို့ လာသည့် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားသော်လည်း ပြည်တွင်းလေကြောင်းခရီးစဉ်များကို ပိတ်ပင်ထားခြင်း မရှိပေ။ ထို့ကြောင့် လေယာဉ်ဝန်ထမ်းများ၊ မြေပြင်ဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာဝန်ထမ်းများအား လုံး လုပ်ငန်းခွင်သို့ လာရောက်ရမည် ဖြစ် သည်။

အိန္ဒိယစစ်တပ်က ကြိုတင်ကာကွယ် ရေးနည်းလမ်းများအတွက် ဌာနချုပ်များသို့ သတင်းပို့ရမည့် အရာရှိအရေအတွက်ကို အဆက်မပြတ် လျှော့ချနေကြောင်း ကြေ ညာခဲ့သော်လည်း စစ်သားများနှင့် ပြည်တွင်း ပြည်ပလုံခြုံရေးကို တာဝန်ယူထားရသည့် လုံခြုံရေးဝန်ထမ်းများသည် သွားလာခွင့် ကန့်သတ်မှုအားလုံးမှ ကင်းလွတ်ခွင့် ရှိ သည်။

သတင်းကိစ္စများ ဆောင်ရွက်နေသည့် ပုံနှိပ်မီဒီယာနှင့် အီလက်ထရွန်နစ်မီဒီယာများမှ ဝန်ထမ်းများ၊ သတင်းစာများ၊ ရေဒီယိုဌာနများ၊ ရုပ်သံဌာနများနှင့် ဝက်ဘ်ဆိုက် များတွင် အလုပ်လုပ်ကိုင်နေသူများသည် မရှိမဖြစ် ဝန်ဆောင်မှုများကို ပေးနေသူများ ဖြစ်ကြပြီး လုပ်ငန်းခွင်သို့ လာရောက်ခွင့် ပြု သည့်အပြင် Social Distancing အတွက် ကြေညာထားသော ကြိုတင်ကာကွယ်မှုများ ကို လိုက်နာလျက် လမ်းများပေါ်တွင် မိမိတို့ ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခွင့်ပြုထားသည်။

နိဂုံး

ကပ်ရောဂါကာလအတွင်း အခြေခံလူတန်းစားများ၏ အကျပ်အတည်းနှင့် ဖိစီးမှုများကို ဖြေရှင်းပေးရမည်မှာ အစိုးရ၏တာ ဝန်ဖြစ်သည်။ ထို့အတူ ပြည်သူများ၏ သတင်း သိပိုင်ခွင့်မှာလည်း အရေးကြီးသည်။

မျှတမှုမရှိသည့် သတင်းရယူပိုင်ခွင့် ကြောင့်ပြည်တွင်းပုဂ္ဂလိက မီဒီယာများအတွက် အခက်အခဲများရှိနေသည်။ နိုင်ငံပိုင် အစိုးရပိုင် မီဒီယာများ၏ ရေးသားဖော်ပြမှုနှင့် ပုဂ္ဂလိကမီဒီယာများ၏ ရေးသားဖော်ပြမှုများ ကို နှိုင်းယှဉ်ပါကလည်း ကွာခြားမှုများရှိနေ သည်ကို အများပြည်သူကလည်း သိရှိပြီးဖြစ် သည်။

သတင်းရယူရာတွင် မှန်ကန်မျှတသည့် မူဝါဒမချမှတ်နိုင်ပါက ပြည်သူများအတွက် သတင်းသိပိုင်ခွင့်မှာလည်း ဆုံးရှုံးနေမည်ဖြစ်ပြီး အကောင်အထည်ဖော်ပေးရမည်မှာ အစိုးရ၏တာဝန်သာဖြစ်သည်။

Most Read

Most Recent