ရုပ်သံထုတ်လွှင့်ချိန်အခက်အခဲကြောင့် အာရှဒေသမှ ရုပ်သံကုမ္ပဏီများကိုငွေပြန်အမ်းရမည့် အခြေအနေနှင့် ပရီးမီးယားလိဂ် ရင်ဆိုင်နေရ

ရုပ်သံထုတ်လွှင့်ချိန်အခက်အခဲကြောင့် အာရှဒေသမှ ရုပ်သံကုမ္ပဏီများကိုငွေပြန်အမ်းရမည့် အခြေအနေနှင့် ပရီးမီးယားလိဂ် ရင်ဆိုင်နေရ
Photo: Getty Images
Photo: Getty Images
Published 24 September 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ရုပ်သံထုတ်လွှင့်ချိန်အခက်အခဲကြောင့် အာရှဒေသက ရုပ်သံကုမ္ပဏီများကို ငွေပြန်အမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ဟောင်ကောင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ရုပ်သံကုမ္ပဏီများသည် ပရီးမီးယားလိဂ်၏ စက်တင်ဘာလ ပွဲစဉ်ရေးဆွဲမှုအပေါ် မကျေမနပ်ဖြစ်နေပြီး ဗြိတိန်ရှိပရိသတ်များအဆင်ပြေအောင် ရေးဆွဲထားသည့် အချိန်များမှာ အာရှစံတော်ချိန်အရ ညဉ့်နက်ချိန်များဖြစ်နေသည်။

ယင်းအတွက် စက်တင်ဘာနောက်ပိုင်းပွဲချိန်များကို ယင်းအချိန်များအတိုင်းဆက်သွားပါက စာချုပ်ဖျက်သိမ်းကာ ပြန်အမ်းငွေများ တောင်းဆိုရန် စီစဉ်နေကြခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် အခြားကမ္ဘာ့ဒေသအသီးသီးတွင်လည်း ရုပ်သံမူပိုင်ခွင့်စာချုပ်များ ချုပ်ဆိုထားရာ စုစုပေါင်းတန်ဖိုးမှာ တစ်နှစ်ဝင်ငွေ ပေါင် (၁.၂၅)ဘီလီယံအထိရှိပြီး အာရှ၏ မူပိုင်ခွင့်ကြေးမှာ ဗြိတိန်ပြီးလျှင် အမြင့်ဆုံးဖြစ်သလို၊ တစ်နှစ်ပေါင်သန်း (၄၀၀)အထိ ရှိနေသည်။

ပရီးမီးယားလိဂ်၏ ပြည်ပထုတ်လွှင့်မှု မူပိုင်ခွင့်နှင့် တန်ဖိုး

အာရှ - ပေါင်သန်း ၄၀၀

အမေရိကန် - ပေါင်သန်း ၃၀၀

အရှေ့အလယ်ပိုင်း - ပေါင် ၁၂၄ သန်း

ဥရောပ (ဗြိတိန်မပါ) - ပေါင်သန်း ၃၂၀

ဆာဟာရဒေသ - ပေါင်သန်း ၁၇၀

အခြားနိုင်ငံများ - ပေါင်သန်း ၁၀၀

Most Read

Most Recent