စီးရီးစီဒိုင်လူကြီးနှင့် ၎င်း၏အတူနေချစ်သူ နေအိမ်တွင် ဓားဖြင့်ထိုးသတ်ခံခဲ့ရပြီး ကျူးလွန်သူကို ရဲများ ရှာဖွေနေ

စီးရီးစီဒိုင်လူကြီးနှင့် ၎င်း၏အတူနေချစ်သူ နေအိမ်တွင် ဓားဖြင့်ထိုးသတ်ခံခဲ့ရပြီး ကျူးလွန်သူကို ရဲများ ရှာဖွေနေ
Photo: Getty Images
Photo: Getty Images
Published 24 September 2020

အီတလီတတိယတန်းဖြစ်သည့် စီးရီးစီပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ်ဆောင်ရွက်နေသည့် ဒီဆန်းတစ်နှင့် ၎င်း၏အတူနေချစ်သူတို့သည် လက်ချီမြို့ရှိ နေအိမ်တွင် ဓားဖြင့်ထိုးသတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူကို အီတလီရဲများက စုံစမ်းရှာဖွေနေကြောင်း သိရှိရသည်။

အသက် (၃၃)နှစ်အရွယ်ရှိ ဒီဆန်းတစ်သည် အီတလီပရော် ဖက်ရှင်နယ်ဘောလုံးလိဂ်တွင် တရားဝင်မှတ်ပုံတင်ထားသူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၁၃၀)အထိ ကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။

ဒီဆန်းတစ်နှင့် ၎င်း၏အတူနေချစ်သူဖြစ်သည့် မော်ဒယ် အယ်အွန်နိုရာမန်တာတို့သည် စက်တင်ဘာ  (၂၁)ရက်က လက်ချီမြို့ရှိ နေအိမ်တွင် ဓားဖြင့်ထိုးသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အီတလီသတင်းစာ La Repubblica ၏ ဖော်ပြချက်အရ ဒီဆန်းတစ်၏အလောင်းကို ဒုတိယထပ်လှေကားပေါ်တွင် တွေ့ရှိခဲ့ပြီး မန်တာ၏အလောင်းကိုမူ နေအိမ်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဒီဆန်းတစ်နှင့် ၎င်း၏အတူနေချစ်သူကို သတ်ဖြတ်ခဲ့သူသည် အော်သံများကြောင့် ပတ်ဝန်းကျင်မှအိမ်နီးချင်းများ သတိထားမိချိန်တွင် ဓားကိုကိုင်ကာ ယင်းနေအိမ်မှ ထွက်ပြေးသွားခဲ့ကြောင်းလည်း La Repubblica က ဖော်ပြခဲ့သည်။

အီတလီရဲများသည် အဆိုပါအမှုအတွက် CCTV သက်သေကို ရရှိထားသော်လည်း ပြစ်မှုကျူးလွန်သူကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူသည် သူ၏မျက်နှာကို ဖုံးအုပ်ထားပြီး အနက်ရောင်ကျောပိုးအိတ်ကို လွယ်ထားကြောင်း CCTV တွင် မြင်တွေ့ရခဲ့သည်။

စီးရီးစီဒိုင်လူကြီး ဒီဆန်းတစ်နှင့် အတူနေချစ်သူတို့ အသတ်ခံရခြင်းနှင့်ပတ်သက်ပြီး အီတလီဒိုင်လူကြီးအဖွဲ့ချုပ်အကြီးအကဲ နစ်ချီက ဝမ်းနည်းစကားဆိုခဲ့သည်။

၎င်းက "ဒီဝမ်းနည်းစရာသတင်းကြောင့် ကျွန်တော် တုန်လှုပ်ခဲ့ရပါတယ်။ ဒီဆန်းတစ်ရဲ့အမှုနဲ့ပတ်သက်လို့ ဘာမှသေသေချာချာမသိရသေးတာကြောင့် ကျွန်တော် ဘာမှ မပြောနိုင်သေးပါဘူး" ဟု ပြောကြားခဲ့သည်။

ဒီဆန်းတစ်အသတ် ခံရမှုအတွက် အီတလီပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်နှင့် စီးရီးစီတို့မှ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြသည်။

Most Read

Most Recent