ယူရိုပါလိဂ် တတိယအဆင့်ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် တတိယအဆင့်ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Published 24 September 2020

ယူရိုပါလိဂ်ပြိုင်ပွဲ တတိယအဆင့်ခြေစစ်ပွဲတွေကို တစ်ကျော့တည်းသာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ဥရောပထိပ်တန်းလိဂ်(၅)ခုက စပါး၊ အေစီမီလန်၊ ဂရန်နာဒါ၊ ဝုလ်ဖ်ဘတ်နဲ့ Reims အသင်းတွေအပြင် ဂါလာတာစာရေး၊ ဘေဆယ်နဲ့ ဆဲလ်တစ်အသင်းတို့လို ဥရောပအတွေ့အကြုံရင့်အသင်းတွေပဲ ဆက်လက်ခရီး ဆက်ဖို့ရှိပါတယ် . . .

ဖယ်ဟာဗာ နှင့် Reims (ကြာသပတေးည ၁၀း၃၀ နာရီ)

Reims အနေနဲ့ အခုတွေ့ရမယ့်ပြိုင်ဘက်က ဒုတိယအဆင့်မှာ ဆုံတွေ့ခဲ့တဲ့ ဆာဗက်တေလောက် မမာကျောပါဘူး။ PSG နဲ့အမှတ်ပေးပွဲကစားဖို့ရှိလို့ Reims အသင်း လူစုံမထုတ်နိုင်ပေမယ့် အနိုင်တော့ကစားမှာပါ။

ရှက်ကန်ဒီယာ နှင့် စပါး (သောကြာနံနက် ၀၀း၃၀ နာရီ)

စပါးအသင်း ဒုတိယအဆင့်မှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်ထက် အခု ရှက်ကန်ဒီယာအသင်းက အင်အားပိုတောင့်တင်းပါတယ်။ ဘေးလ်၊ ရယ်ဂီလွန်တို့ရောက်လာချိန်မှာ စပါးအသင်း စိတ်ဓာတ်ပိုင်းပါ ပြောင်းလဲသွားနိုင်တာ ထည့်တွက်ရမယ်။ စပါး  အနိမ့်ဆုံး (၂)ဂိုးပြတ်မှာပါ။

ဂရန်နာဒါ နှင့် လိုကိုမိုးတစ်တီဘီလီဆီ (သောကြာနံနက် ၀၀း၃၀ နာရီ)

ဂျော်ဂျီယာကလပ် လိုကိုမိုးတစ်တီဘီလီဆီအသင်းမှာ ပြည်တွင်းအခြေစိုက်တွေပဲများပြီး ဒိုင်နမိုမော်စကိုအသင်းကို ကျော်ဖြတ်လာလို့ ဂရန်နာဒါ သတိတော့ထားကစားရမယ်။ စပိန်မြေဖြစ်လို့ ဂရန်နာဒါကိုပဲ ရွေးချယ်ချင်တယ်။

ဂါလာတာစာရေး နှင့် ဟတ်ဒတ် (သောကြာနံနက် ၀၀း၃၀ နာရီ)

ဂါလာတာစာရေးအသင်းမှာ ဖယ်လ်ကာအို၊ ဘယ်လ်ဟန်ဒါ၊ ဖီဂူလီ၊ ဘာဘယ်လ်နဲ့ အာဒါတူရန်တို့လို ကစားသမားတွေ ရှိပါသေးတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဂါလာတာစာရေး ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရဖို့ရှိတယ်။

ဝုလ်ဖ်ဘတ် နှင့် ဒက်စနာ (သောကြာနံနက် ၀၀း၄၅ နာရီ)

ဒက်စနာအသင်းက ယူကရိန်းကလပ်အသင်းဖြစ်လို့ အထိုက်အလျောက်တော့ မာကျောမှုရှိပါတယ်။ ဒါပေမဲ့ ဂျာမန်မြေမှာ ဒုက္ခပေးနိုင်မယ့် ကစားသမားစုဖွဲ့မှုတော့ မရှိပါဘူး။ ဝုလ်ဖ်ဘတ်ကိုပဲ ကြိုက်တယ်။

အေစီမီလန် နှင့် ဘိုဒယ်/ဂလင့် (သောကြာနံနက် ၁း၀၀ နာရီ)

အေစီမီလန်က ပြီးခဲ့တဲ့အဆင့်မှာ ရှမ်ရော့ခ်ရိုဗာကို လူစုံထုတ်ပြီး ကစားခဲ့တာတွေ့ရတယ်။ အခုပွဲမှာလည်း အေစီမီလန် အနေနဲ့ စီးရီးအေပွဲကျပ်တွေ မရှိသေးတဲ့ကာလဖြစ်လို့ အမာခံတွေများတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်လာဖို့များတယ်။ အေစီမီလန် ဂိုးပြတ်လိမ့်မယ်။

အခြားပွဲစဉ်များ

အပိုလွန်    -    လက်ချ်ပေါ့နန် *

အာရာရတ်    -    ဆယ်ယီ *

* KuPs    -    ဆူဒူဗာ

ပါလ်ဇန်    -    ဆွန်ဒယ်ယက် *

ရော့စတော့ဗ်    -    မက္ကာဘီဟိုင်ဖာ *

မူရာ    -    PSV *

ချာလေရွိုင်း    -    ပါတီဇန် *

ဝီလမ် II    -    ရိန်းဂျားစ် *

* မာလ်မို    -    လိုကိုမိုးတစ်ဇာဂရက်

ရိုစင်ဘော့    -    အာလန်ယာစပေါ်

ဘက်ဆစ်တက်    -    ရီယိုအာဗီ

* CSKA ဆိုဖီယာ    -    B36

ရီဂါ    -    ဆဲလ်တစ် *

ယာဂါးဒန်း    -    ကလုချ် *

* ဟာပိုးဘီအာရှီဗာ    -    မားသားဝဲလ်

* စတူအာဘူခါရက်    -    ဆလိုဗန်လီဘရက်

* စတန်းဒတ်လိဂ်    -    ဗော်ဗိုဒီနာ 

ကိုပင်ဟေဂင်    -    ပီယတ်ဂလီဝိုက် *

* APOEL    -    ဇီရင်စကီး

* ရှာရစ်ဖ်    -    ဒန်ဒေါ့ခ်

* ဆာရာယေဗို    -    ဘူဒူနော့

* KI    -    ဒီနာမိုတီဘီလီဆီ

စိန့်ဂယ်လန်    -    AEK အေသင် *

* LASK    -    DAC

* ဘေဆယ်    -    အာနော်သိုဆစ်

* လီဂီယာဝါဆော    -    ဒရီတာ

ဖလော်ရီယာနာ    -    ဖလော်ရာ *

ရီယဲလ်ကာ    -    ကိုဗယ်လစ်ကာ *

စပို့တင်းလစ္စဘွန်း    -    အဘာဒင်း *

စာရေးသူအကြိုက် အသင်းကို * ဖြင့် ပြထားပါသည်။

Most Read

Most Recent