ဖရန့်ဒီဘိုးဝါးအား နယ်သာလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်

ဖရန့်ဒီဘိုးဝါးအား နယ်သာလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်
Published 24 September 2020

နယ်သာလန်ဘောလုံးအဖွဲ့ချုပ် (KNVB)သည် အေဂျက်စ် နှင့် အင်တာနည်းပြဟောင်း ဖရန့်ဒီဘိုးဝါးကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း စက်တင်ဘာ (၂၃)ရက်က အတည်ပြုကြေညာခဲ့သည်။ 

နယ်သာလန်အသင်းသည် ဘာစီလိုနာအသင်းကို ကိုင်တွယ်ရန်ထွက်ခွာသွားခဲ့သည့် ရော်နယ်လ်ကိုးမန်း၏နေရာတွင် ဖရန့်ဒီဘိုးဝါးကို (၂)နှစ်စာချုပ်ဖြင့် နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

KNVB ၏ ထုတ်ပြန်ချက်တွင် ''အသက်(၅၀) နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်ဟောင်း ဖရန့်ဒီဘိုးဝါးအနေဖြင့် နယ်သာလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်အထိ ကိုင်တွယ်မည်''ဟု ပါရှိသည်။ 

ဖရန့်ဒီဘိုးဝါးသည် ကစားသမားဘဝတွင် နယ်သာလန်အသင်းအတွက် (၁၁၂)ပွဲအထိ ကစားခဲ့ပြီး အသင်းသမိုင်းတွင် တတိယမြောက်ပွဲအများဆုံးကစားသူအဖြစ် မှတ်တမ်းတင်ထားသည်။ 

ဖရန့်ဒီဘိုးဝါးသည် နည်းပြဘဝကို ၂၀၁၀ ခုနှစ်တွင် အေဂျက်စ်အသင်းနှင့်အတူစတင်ခဲ့ပြီး အင်တာမီလန်၊ ပဲလေ့စ်နှင့် အတ္တလန်တာယူနိုက်တက်တို့ကို ကိုင်တွယ်ခဲ့သူဖြစ်သည်။ 

ဖရန့်ဒီဘိုးဝါးသည် နယ်သာလန်နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ(၇)ရက်တွင် ကစားမည့် မက္ကဆီကိုနှင့်ခြေစမ်းပွဲ၌ စတင်ကိုင်တွယ်မည်ဖြစ်သည်။ 

Most Read

Most Recent