စပိန်ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲရန် လာလီဂါ စီစဉ်

စပိန်ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲရန် လာလီဂါ စီစဉ်
Photo: Getty Images
Photo: Getty Images
Published 17 September 2020

လာလီဂါသည် သောကြာနေ့နှင့် တနင်္လာနေ့များတွင် လာလီဂါပွဲစဉ်များကို ကျင်းပခွင့်မရသဖြင့် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ကို တရားစွဲရန် စီစဉ်နေကြောင်း စပိန်ရေဒီယို Cadena Cope က ထုတ်လွှင့်ခဲ့သည်။

လာလီဂါသည် ၂၀၂၀-၂၁ ရာသီ လာလီဂါပွဲစဉ်များကို သောကြာနေ့နှင့် တနင်္လာနေ့များတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း RFEF က ကန့်ကွက်ခဲ့သည်။

ထို့ကြောင့် လာလီဂါသည် ယင်းနေ့များတွင်ရရှိမည့် ရုပ်သံထုတ်လွှင့်ကြေးများကို ဆုံးရှုံးရမည်ဖြစ်ပြီး ယင်းအတွက် RFEF ကို တရားစွဲရန် စီစဉ်နေခြင်းဖြစ်ပြီး ညှိနှိုင်းမှုပြုလုပ်ရန်ဆန္ဒမရှိကြောင်း သိရှိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်က အလုပ်ဖွင့်ရက်ဖြစ်သည့် တနင်္လာနှင့် သောကြာနေ့များတွင် နောက်ကျပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ခြင်းမှာ ပရိသတ်များအတွက် အဆင်မပြေဖြစ်စေသည်ဟု သုံးသပ်ထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent