အာဆင်နယ်အသင်း၏ ဂန္ထဝင်ဖြစ်လာရန် အူဘာမီယန်း ပစ်မှတ်ထားနေပြီး ပရီးမီးယားလိဂ်ကစားသမားများထဲတွင် လစာအများဆုံးဖြစ်လာ

အာဆင်နယ်အသင်း၏ ဂန္ထဝင်ဖြစ်လာရန် အူဘာမီယန်း ပစ်မှတ်ထားနေပြီး ပရီးမီးယားလိဂ်ကစားသမားများထဲတွင် လစာအများဆုံးဖြစ်လာ
Photos : Arsenal
Photos : Arsenal
Published 16 September 2020

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းသည် စက်တင်ဘာ ၁၅ ရက်က အသင်းနှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုပြီးနောက် အသင်း၏ ဂန္ထဝင်တစ်ဦးဖြစ်လာရန်အလိုရှိကြောင်း ပြောကြားခဲ့သည်။

''ကျွန်တော် လက်မှတ်ရေးထိုးတဲ့ အကြောင်းရင်းက အာဆင်နယ်ရဲ့ ဂန္ထဝင်တစ် ဦး ဖြစ်ချင်လို့ပါ။ အွန်နရီ၊ အီယန်ရိုက်၊ တိုနီအ ဒမ်စ်၊ ဘားကင့်တို့လို အသင်းဂန္ထဝင်ဖြစ်လို ပါတယ်။ အသင်းမှာ မှတ်ကျောက်တင်ခံရသူ ဘဝနဲ့ ထွက်ခွာသွားချင်ပါတယ်။ ဂန္ထဝင်တစ် ဦးဖြစ်လာဖို့ အလုပ်အများကြီးလုပ်ရဖို့ အချိန် ကျရောက်လာပါပြီ။ ဒါပေမဲ့ ကျွန်တော်ဟာ အသင်းအတွက် အမြဲတမ်း အကောင်းဆုံး ကစားပေးခဲ့တာကတော့ အသေအချာပါပဲ။ အာဆင်နယ်အသင်းက ကျွန်တော့်အိမ်ပါ။ ဒီမှာနေရလို့  အမှန်တကယ် ပျော်ရွှင်မိပါတယ်''ဟု အူဘာမီယန်းက စာချုပ်သစ် လက် မှတ်ရေးထိုးအပြီး ပြောကြားခဲ့သည်။

၃၁ နှစ် အရွယ်ရှိ အူဘာမီယန်းသည် စာချုပ်သစ်အရ အိုဇေးလ်၊ ဒီဟေးယားတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်၏လစာအများဆုံးကစားသမား ဖြစ်လာခဲ့သည်။

အူဘာမီယန်း၏အခြေခံတစ်ပတ်ဝင်ငွေမှာ ပေါင်သုံးသိန်းခွဲသာဖြစ်သော်လည်း စွမ်းဆောင်ရည်အလိုက်ဆုကြေး၊ သစ္စာရှိကြေးများကြောင့် ထိပ်ဆုံးရောက်လာခဲ့သည်။

၎င်းသည် ၂၀၁၈ ဇန်နဝါရီလက အသင်းသို့ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၁၁၅ ပွဲကစားကာ ၇၂ ဂိုးသွင်း၊ ၁၅ ဂိုး ဖန်တီးပေးထားခဲ့သည်။  

Most Read

Most Recent