စီးရီးအေတွင် ကစားလိုသည်ဟု ယာယာတိုရေး ဝန်ခံ

စီးရီးအေတွင် ကစားလိုသည်ဟု ယာယာတိုရေး ဝန်ခံ
Photo: Goal
Photo: Goal
Published 15 September 2020

နာမည်ကျော်ကွင်းလယ်လူ ယာယာတိုရေးက မိမိအနေဖြင့် စီးရီးအေတွင် ကစားလိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။

ယာယာတိုရေးသည် တရုတ်စူပါလိဂ်ကလပ် ကျင်းတုံဟွမ်းဟိုင်အသင်းနှင့် ပြီးခဲ့သည့်ဇန်နဝါရီလက စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။

ယာယာတိုရေးက ''ကျွန်တော့်ကစားသမားဘဝက ထာဝရမတည်မြဲဘူးဆိုတာသိပေမယ့် (၁)ရာသီ၊ (၂) ရာသီလောက်တော့ ကျွန်တော် ကစားလို့ရသေးတယ်။ နည်းပြသင်တန်းတွေ  တက်နေပေမယ့် ကစားနိုင်တုန်းမှာ အနားယူလိုက်ရင် ကျွန်တော် နောင်တရနေလိမ့်မယ်။ စီးရီးအေမှာ တစ်ခါမှ မကစားဖူးတဲ့အတွက် ကစားချင်ပါသေးတယ်။ စီးရီးအေမှာ ကြုံရနိုင်တဲ့ စိန်ခေါ်မှုတွေအတွက်လည်း အသင့်ပဲ။ ပိုက်ဆံအတွက် မဟုတ်ပါဘူး။ ဘောလုံးအတွက်ပါ''ဟု ပြောကြားခဲ့သည်။

ယာယာတိုရေးအား ခေါ်ယူရန် တန်းတက်ကလပ် စပီဇီယာအသင်းက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Most Read

Most Recent