အားကစားပြိုင်ပွဲများတွင် ပရိသတ်များ စမ်းသပ်ကြည့်ရှုခွင့်ကို ၁၀၀၀ သာခွင့်ပြုသည့် အစိုးရ၏ဆုံးဖြတ်ချက်အား တုံ့ပြန်သည့်အနေဖြင့် စမ်းသပ်မှုအစီအစဉ်ရွှေ့ဆိုင်းကြောင်း ပရီးမီးယားလိဂ် ထုတ်ပြန်

အားကစားပြိုင်ပွဲများတွင် ပရိသတ်များ စမ်းသပ်ကြည့်ရှုခွင့်ကို ၁၀၀၀ သာခွင့်ပြုသည့် အစိုးရ၏ဆုံးဖြတ်ချက်အား တုံ့ပြန်သည့်အနေဖြင့် စမ်းသပ်မှုအစီအစဉ်ရွှေ့ဆိုင်းကြောင်း ပရီးမီးယားလိဂ် ထုတ်ပြန်
Photos : Getty Images
Photos : Getty Images
Published 13 September 2020

ပရီးမီးယားလိဂ်အနေဖြင့် စက်တင်ဘာ ၁၉ ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ မန်ယူ-ပဲလေ့စ်ပွဲတွင် ပရိသတ် ၁၂၀၀၀ နှင့် စပါးအသင်း၏အိမ်ကွင်းပွဲတွင် ပရိသတ် ၁၀၀၀၀ ကျော် ကြည့်ရှုခွင့်ပြု၍ စမ်းသပ်မှု ပြုလုပ်ရန် စီစဉ်ထားသော်လည်း အစိုးရ၏ ထုတ်ပြန်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအစီအစဉ်များရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အားကစားပြိုင်ပွဲများတွင် ပရိသတ်များ စမ်းသပ်ကြည့်ရှုခွင့်ကို ၁၀၀၀ အထိသာခွင့်ပြုသည့် အစိုးရ၏အစီအစဉ်အား တုံ့ပြန်သည့်အနေဖြင့် စမ်းသပ်မှုအစီအစဉ် ရွှေ့ဆိုင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အင်္ဂလန်ရှိ အားကစားပြိုင်ပွဲများတွင် အောက်တိုဘာ ၁ ရက်မှစ၍ ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ပြုရန် စီစဉ်ထားပြီး ရှေ့ပြေးအစီအစဉ်အဖြစ် စက်တင်ဘာလအတွင်း ကျင်းပမည့်ပြိုင်ပွဲများတွင် စမ်းသပ်ကြည့်ရှု ခွင့်ပြုရန် ကြေညာထားသည်။ သို့သော် COVID-19 ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာသောကြောင့် အောက်တိုဘာ ၁ ရက်စတင်မည့် အစီအစဉ်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်းသိရသည်။ 

ပရီးမီးယားလိဂ်အနေဖြင့် စက်တင်ဘာ ၁၉ ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ မန်ယူ-ပဲလေ့စ်ပွဲတွင် ပရိသတ် ၁၂၀၀၀ နှင့် စပါးအသင်း၏အိမ်ကွင်းပွဲတွင် ပရိသတ် ၁၀၀၀၀ ကျော် ကြည့်ရှုခွင့်ပြု၍ စမ်းသပ်မှု ပြုလုပ်ရန် စီစဉ်ထားသော်လည်း အစိုးရ၏ ထုတ်ပြန်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအစီအစဉ်များရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"လူဦးရေ ၁၀၀၀ ကန့်သတ်ခြင်းက စမ်းသပ်မှုပြုလုပ်ရာ မရောက်သလို ပရိသတ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အမြင့်ဆုံး အခြေအနေကို တွက်ဆနိုင်ခြင်းမရှိပါဘူး။ စမ်းသပ်မှုအဖြစ် ပရိသတ် ၁၀၀၀ ကြည့်ရှုခွင့် ပြုတာက လေ့လာမှု နည်းနည်းပဲလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကြည့်ခွင့်မရဘူး ဆိုရင် တစ်ပွဲချင်းစီမှာ ဆုံးရှုံးမှုက အရမ်းများနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရိသတ်တွေမပါတဲ့ တစ်လချင်းစီမှာ လိဂ်ပြိုင်ပွဲအားလုံးရဲ့ ဆုံးရှုံးမှုက ပေါင်သန်း ၁၀၀ ကျော်ရှိပါတယ်။ အကျိုးဆက်အဖြစ် ဒေသခံတွေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း ထိခိုက်စေပါတယ်။ ဒါဟာ ပွဲကျင်းပတဲ့နေ့ (Matchday) အပေါ် မှီခိုနေရတဲ့ လူတစ်သိန်းကျော်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဆုံးရှုံးစေပါတယ်" ဟု ပရီးမီးယားလိဂ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမှုဆောင်ချုပ် ရစ်ချက်မာစတာကလည်း ယခုရာသီတွင် ပရိသတ်များမပါဘဲ ဆက်လက်ကျင်းပရပါက ကလပ်အသင်းများအနေဖြင့် ပေါင်သန်း ၇၀၀ အထိ ဆုံးရှုံးနိုင်ကြောင်း သုံးသပ်ပြောကြားထားသည်။

Most Read

Most Recent