လိဒ်စ်အသင်းတွင် ဆက်ရှိမည်ဟု ဘီယဲလ်ဆာ အတည်ပြု

လိဒ်စ်အသင်းတွင် ဆက်ရှိမည်ဟု ဘီယဲလ်ဆာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 11 September 2020

လိဒ်စ်အသင်း၏နည်းပြ ဘီယဲလ်ဆာက လာမည့် ၂၀၂၀-၂၁ ရာသီတွင် လိဒ်စ်အသင်း၌ ဆက်ရှိမည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

ဘီယဲလ်ဆာသည် ၂၀၁၈ ခုနှစ်က လိဒ်စ်အသင်းကို (၂)နှစ်စာချုပ်ဖြင့် ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ပါရှိခဲ့သည်။ 

သို့သော် ၎င်းကို ခေါ်ယူလိုသည့် အသင်းများစွာရှိနေခြင်းကြောင့် မရေမရာဖြစ်နေခဲ့ရသည်။ 

ယခုအခါ ဘီယဲလ်ဆာက "အားလုံး ရှင်းလင်းသွားပါပြီ။ လာမယ့်ရာသီ မှာ လိဒ်စ်နဲ့အတူ ဆက်ရှိသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

လိဒ်စ်အသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

 

 

Most Read

Most Recent