ဒူးဒဏ်ရာခွဲစိတ်ရန် ဇာနီယိုလို စောင့်ဆိုင်းဦးမည်

ဒူးဒဏ်ရာခွဲစိတ်ရန် ဇာနီယိုလို စောင့်ဆိုင်းဦးမည်
Photo: Goal
Photo: Goal
Published 15 September 2020

အီတလီအသင်းအတွက် ကစားပေးစဉ် ဒူးဒဏ်ရာရရှိခဲ့သည့် ရိုးမားကွင်းလယ်တိုက်စစ်ကစားသမား ဇာနီယိုလိုသည် ဒဏ်ရာကို ဗုဒ္ဓဟူးနေ့တွင် ခွဲစိတ်ရန် မူလက စီစဉ်ခဲ့သော်လည်း ယခုအခါ ရက်အနည်းငယ်စောင့်ဆိုင်းပြီးမှ ခွဲ စိတ်မှုခံယူမည်ဖြစ်ကြောင်း သိရသည်။

အသက်(၂၁)နှစ်အရွယ် ရိုးမားကြယ်ပွင့်သည် ၂၀၁၉၊ ဇူလိုင်လကလည်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့သေးပြီး ပြီးခဲ့သည့် ဇန်နဝါရီကမှ ဒဏ်ရာက ပြန်သက်သာလာခဲ့သူဖြစ်သည်။

၎င်းသည် ရိုးမားအသင်းမှ တာဝန်ရှိသူများနှင့် တိုင်ပင်ပြီးနောက် ၎င်း၏ ဒဏ်ရာကို ပြည်ပတွင် ခွဲစိတ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဇာနီယိုလိုသည် ၂၀၁၇ ခုနှစ်က အီဘရာဟီမိုဗစ်၏ ဒူးဒဏ်ရာကို ခွဲစိတ်ပေးခဲ့သည့် အမေရိကန်ခွဲစိတ်ဆရာဝန် ဒေါက်တာဖရက်ဒီဖူ နှင့် ခွဲစိတ်ရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent