ပြိုင်ပွဲအချို့ ရွှေ့ဆိုင်းနေသော်လည်း AFC CUP ပြိုင်ပွဲနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် အကြောင်းမကြားသေး

ပြိုင်ပွဲအချို့ ရွှေ့ဆိုင်းနေသော်လည်း AFC CUP ပြိုင်ပွဲနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် အကြောင်းမကြားသေး
Photo: AFC
Photo: AFC
Published 10 September 2020

ယခုနှစ်အတွင်း မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည့် အာရှအဆင့်ပြိုင်ပွဲများအနက် မြန်မာ့လက်ရွေးစင်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ၊ မြန်မာဖူဆယ်ကလပ် VUC အသင်း၏ အာရှဖူဆယ်ကလပ်ပြိုင်ပွဲတို့ကို ရွှေ့ဆိုင်းခဲ့ပြီး AFC CUP ပြိုင်ပွဲသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ 

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲအချို့ ရွှေ့ဆိုင်းနေသော်လည်း မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC CUP ပြိုင်ပွဲ နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ 

ယခုနှစ်အတွင်း မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည့် အာရှအဆင့်ပြိုင်ပွဲများအနက် မြန်မာ့လက်ရွေးစင်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ၊ မြန်မာဖူဆယ်ကလပ် VUC အသင်း၏ အာရှဖူဆယ်ကလပ်ပြိုင်ပွဲတို့ကို ရွှေ့ဆိုင်းခဲ့ပြီး AFC CUP ပြိုင်ပွဲသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ 

AFC သည် ယခုနှစ်အတွင်းကျင်းပရန်ရှိသည့် ပြိုင်ပွဲများအ နက် AFC CUP ပြိုင်ပွဲအပါအဝင် အာရှချန်ပီယံလိဂ်နှင့် အခြားသက်တမ်းအလိုက် လူငယ်လက်ရွေးစင်အဆင့်ပြိုင်ပွဲများသာ ကျန်ရှိတော့ပြီး ယင်းပြိုင်ပွဲများ ကျင်းပခြင်းရှိ၊ မရှိကိုလည်း ယခုလအတွင်း ထုတ်ပြန်ဖွယ်ရှိသည်။

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်ရမည့် AFC CUP ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ (၂၃)ရက်မှ (၂၉)ရက်အထိ ကျင်းပရန် စီစဉ်ထားသောကြောင့် AFC အနေဖြင့် ပြိုင်ပွဲဆက်လက်ကျင်းပခြင်းရှိ၊ မရှိကို အမြန်ဆုံး ထုတ်ပြန်ရန် လိုအပ်နေသည်။

 " AFC ကတော့ AFC CUP ပြိုင်ပွဲနဲ့ပတ်သက်ပြီး အကြောင်း မကြားသေးပါဘူး။ ပြိုင်ပွဲတချို့ ရွှေ့ဆိုင်းတာတွေရှိပေမယ့် ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ အကြောင်းမကြားသေးပါဘူး။ လက်ရှိအနေအထားကတော့ ပြိုင်ပွဲပြန်လည်ကျင်းပဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ AFC ရဲ့ဆုံးဖြတ်တဲ့အပေါ် မူတည်ပြီး လုပ်ဆောင်ရမှာပါ" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent