တီးတိန်မြို့တွင် Zomi Congress for Democracy (ZCD) ပါတီ မဲဆွယ်စည်းရုံးမှု ပြုလုပ်

တီးတိန်မြို့တွင် Zomi Congress for Democracy (ZCD) ပါတီ မဲဆွယ်စည်းရုံးမှု ပြုလုပ်
တီးတိန်မြို့တွင် ZCD ပါတီ မှ မဲဆွယ်စည်းရုံးရေး လှုပ်ရှားနေမှု မြင်ကွင်းများ ( ဓါတ်ပုံ: Thaw Thawn (The Tedim Post)
တီးတိန်မြို့တွင် ZCD ပါတီ မှ မဲဆွယ်စည်းရုံးရေး လှုပ်ရှားနေမှု မြင်ကွင်းများ ( ဓါတ်ပုံ: Thaw Thawn (The Tedim Post)
Published 8 September 2020

ချင်းပြည်နယ် တီးတိန်မြို့တွင် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းက ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီမှ Covid-19  ဖြစ်ပွားနေသည့် ကာလ၏ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ မဲဆွယ်စည်းရုံး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ကတော့ လူထုကို နှိုးဆော်တာပါ။ ဆိုင်ကယ် အစီး ၃၀ လောက်နဲ့ မြို့ကိုပတ်တာပါ။ လူ ၄၅ ယောက် လောက်ပါပါတယ်။ ပါတီအလံတွေ ချိတ်တယ်။ တခြား ထူးထူးခြားခြား မရှိပါဘူး။ ကိုဗစ်ဥပဒေကလည်း သတိထားရတယ်လေ။ တီးတိန်မြို့နယ်မှာ ၅ နေရာ၊ တွန်းဇံမြို့နယ်မှာ ၄ နေရာ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၁ နေရာနဲ့ အားလုံး ၁၀ နေရာ ဝင်ပြိုင်ပါမယ်။ ကျနော်တို့ ပြိုင်ဖက်တွေက အဝေးကနေ လာတာလေ။ ကျနော်တို့က ဒေသခံဆိုတော့ အင်္ဂလန် ဘောလုံးကွင်းလိုဆို ကျနော်တို့က အိမ်ကွင်းလေ သူတို့က အဝေးကွင်းတွေလေ။ ကျနော်တို့က နိုင်မှာပါ” ဟု တီးတိန်မြို့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပင့်ကမ်းလျန်မှ ပြောကြားခဲ့ပါသည်။ 

ချင်းပြည်နယ် တီးတိန်မြို့တွင် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီလည်း မဲဆွယ်စည်းရုံး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

​​​​​​​

Most Read

Most Recent