အိန္ဒိယတွင် နှစ် ၂၀ ကျော်အတွင်း ဖြစ်ပွားခဲ့သော လူအုပ်ကသောင်းကနင်းဖြစ်စဉ်များ

အိန္ဒိယတွင် နှစ် ၂၀ ကျော်အတွင်း ဖြစ်ပွားခဲ့သော လူအုပ်ကသောင်းကနင်းဖြစ်စဉ်များ
Published 7 July 2024

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဇူလိုင် ၂ ရက်က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း လူအုပ်က သောင်းကနင်းတစ်ခုဖြစ်ပွားပြီးလူ ၁၀၀ ကျော်သေဆုံးခဲ့ကာ ယင်းသည် လတ်တလောနှစ်များအတွင်း လူ သေဆုံးမှုအများဆုံး လူအုပ်က သောင်းကနင်းဖြစ်စဉ်များတွင် အပါအဝင်ဖြစ်သည်။

ဥတ္တရာပရာဒက်ရှ်ပြည်နယ် ဟာသာရက်စ်ခရိုင်တွင် ဟိန္ဒူဘာသာရေးဆရာ တစ်ဦးဦးဆောင်ပြုလုပ်သော ဘာသာရေးအခမ်းအနားတစ်ခုတွင် ယာယီတဲတစ်ခုအတွင်း လူပေါင်းထောင်ချီစုဝေးခဲ့ကြသည်။ ၎င်းတို့သည် အပြင်ကို ထွက်ရန်လုပ်ဆောင်ချိန်၌ တစ်ဦးနှင့်တစ်ဦးပိမိကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်။

အာဏာပိုင်များကမူ အပူဒဏ်၊ လူပြည့်ကြပ်ခြင်းနှင့် အသက်ရှူကြပ်ခြင်းတို့သည် ယင်းဖြစ်စဉ်ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ် ၂ဝကျော်အတွင်း အိန္ဒိယ၌ အလားတူလူအုပ်က သောင်းကနင်းဖြစ်ပွားမှု ဖြစ်စဉ်ကြီးများကို ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်နှစ်သစ်ကူးနေ့

၂၀၂၂ ခုနှစ် နှစ်သစ်ကူးနေ့က အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသရှိ နာမည်ကြီးဟိန္ဒူဘုရားကျောင်းတွင် လူအုပ်ကသောင်းနင်းဖြစ်မှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်။Mata Vaishnav Devi ဘုရားကျောင်းတွင် ဟိန္ဒူဘာသာဝင် ထောင်ချီစုဝေးစဉ် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၂၀၁ရခုနှစ် စက်တင်ဘာ ၂၉ ရက်

၂၀၁၇ ခုနှစ် စက်တင်ဘာ၂၉ ရက် နံနက်ခင်းအချိန်ကမွမ်ဘိုင်းမီး ရထားဘူတာနှစ်ခုကို ချိတ်ဆက်ထားသည့် လူသွားလမ်းတံတားတွင် လူပြည့်သိပ်မှုကြောင့် လူပိမှုဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးသေဆုံးကာ ၃၂ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၁၆ခုနှစ် အောက်တိုဘာ ၁၅ ရက်

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိန္ဒူဘာသာရေးအခမ်းအနားတစ်ခုသို့ ရောက်ရှိရန် ဖြတ်သန်းရသောတံတားတွင် လူအပြည့်အသိပ်ဖြစ်ပြီး လူအုပ်ကသောင်းကနင်းဖြစ်ကာလူ ၂၄ ဦးထက်မနည်းသေဆုံးပြီး လူ၂၀ ခန့်ဒဏ်ရာရရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိမြစ် ကမ်းပါးတစ်ခုပေါ်တွင် ဟိန္ဒူဘာသာရေး ရေသန့်စင်ပွဲအခမ်းအနားတွင် သောင်းနှင့်ချီသည့် လာရောက်သူများ ပါဝင်ဆင်နွှဲခဲ့ပြီး အုပ်စုလိုက် လူပိမှုကြီးဖြစ်ပွားခဲ့ကာ လူ ၂၇ ဦး ထက်မနည်းသေဆုံးပြီး လူပေါင်းဒါ ဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၁၃ ခုနှစ်အောက်တိုဘာ ၁၃ရက်

မက်ဟိုင်ရာပရာဒက်ရှ်ပြည်နယ် ဝေးလံခေါင်သီသည့် ရာတန်ဂါမြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုသို့ ၁၀ ရက်ကြာ အထင်ကရပွဲတော််( Navaratri ပွဲတော်) ၏နောက်ဆုံးနေ့တွင် လူပေါင်းထောင်ချီ လာရောက် စဉ်တံတားပြိုကျမှုကြောင့် လူအုပ်ကသောင်းကနင်းဖြစ်ခဲ့ပြီး လူ ၁၁၅ ဦး သေဆုံးကာ သေဆုံးသူ အများစုသည် အမျိုးသမီးများနှင့် ကလေးများ ဖြစ်သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ဝရက်

အိန္ဒိယနိုင်ငံမြောက်ပိုင်း အယ်လာဟာဘတ်ပြည်နယ်ရှိ မီးရထား ဘူတာရုံတစ်ခုတွင် ဘာသာရေးပွဲတော်တစ်ခု သို့ သွားရောက်မည့်ခရီးသည်များဖြင့် ပြည့်နှက်နေပြီး လူပိမှုဖြစ်ပွားခဲ့ကာ လူ ၃၆ ဦးခန့် သေဆုံးခဲ့သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာ ၃ဝရက်

ဂျော့ပူအာမြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းတွင် ထောင်နှင့်ချီသော ဘုရားဖူးများ တစ်ဦးနှင့် တစ်ဦးပိမိပြီး လူ ၁၆၈ ဦးထက်မနည်း သေဆုံးကာ လူ ၁၀၀ ခန့်ဒဏ်ရာရရှိခဲ့သည်။

၂၀၀၈ ခုနှစ်သြဂုတ် ၃ ရက်

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိဝေး လံခေါင်သီသော တောင်ထိပ်ဘုရားကျောင်းတွင် ထောင်နှင့်ချီသော ဘုရားဖူးများ လူအုပ်ကသောင်းကနင်းဖြစ်ပွားပြီး လူ ၁၄၅ ဦးသေဆုံးခဲ့ကာ ၎င်းတို့ထဲတွင် အမျိုးသမီးနှင့်ကလေး ဒါဇင်ချီ ပါဝင်ခဲ့သည်။

ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်ရှိ နိုင်နာဒီဗီဘုရားကျောင်းသို့ ကိုးရက်ကြာ ဘာသာရေးပွဲတော်ကို တက်ရောက်လာသူများအကြား ထိုကဲ့သို့ လူအုပ်ကသောင်းကနင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref:AP