ဒေါ်နယ်ထရန့်နှင့် ကာမလာဟဲရစ်တို့ စကားစစ်ထိုးပွဲပြုလုပ်ရန် သဘောတူညီမှုရရှိ

ဒေါ်နယ်ထရန့်နှင့် ကာမလာဟဲရစ်တို့ စကားစစ်ထိုးပွဲပြုလုပ်ရန် သဘောတူညီမှုရရှိ
Photo: AFP
Photo: AFP
Published 10 August 2024

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများဖြစ်သည့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ကာမလာဟဲရစ်တို့သည် စက်တင်ဘာ ၁၀ ရက်တွင် စကားစစ်ထိုးပွဲပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း ABC News သ တင်းရုပ်သံလိုင်းက ပြောကြားခဲ့သည်။

ထရန့်သည် စက်တင်ဘာလတွင် ဟဲရစ်နှင့် မတူညီသည့် သတင်းရုပ်သံလိုင်းများတွင်  စကားစစ်ထိုးပွဲ သုံးပွဲပြုလုပ်ရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် သြဂုတ် ၈ ရက်က ABC News ၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထရန့်သည် တရားရေးဆိုင်ရာ အမှုအခင်းတစ်ခုကြောင့် ABC News ကွန်ရက်တွင်  ထွက်ပေါ်လိမ့်မည်မဟုတ်ကြောင်း ၎င်း၏ လူမှုမီဒီယာတွင်ရေးသားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ABC News မှ ထုတ်လွှင့်မည့် စကားစစ်ထိုးပွဲတွင် ပြန်လည်ပူးပေါင်းခဲ့သည်။

ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်သည် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရန် အားထုတ်ကြိုးပမ်းမှုကို အဆုံးသတ်ခဲ့ပြီးနောက် ဟဲရစ်ကို ၎င်း၏နေရာတွင် အစားထိုးခဲ့မှုနှင့်အတူ ထရန့်နှင့်ဟဲရစ်တို့အကြား ပထ မဆုံးအကြိမ်ပြုလုပ်မည့် အဆိုပါစကားစစ်ထိုးပွဲကို လူအများက စိတ်ဝင်စားနေကြသည်။

“စကားစစ်ထိုးပွဲတွေလုပ်ဖို့ အရမ်းအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့အတွက် စကားစစ်ထိုးပွဲတွေလုပ်ဖို့ ကျွန်တော်စီစဉ်ထားပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

ဟဲရစ်ကလည်း ဒေါ်နယ်ထရန့်သည် စက်တင်ဘာ ၁၀ ရက်တွင် စကားစစ်ထိုးပွဲပြုလုပ်ရန် အပြည့်အဝ သဘောတူခဲ့သည်ကို ကြားသိရကြောင်း ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

သြဂုတ် ၈ ရက်က ပြင်သစ်နိုင်ငံပါရီမြို့ တော်တွင်ပြုလုပ်သည့် ပုဂ္ဂလိကရန်ပုံငွေမြှင့်တင်ပွဲအခမ်းအနားတွင် ဟဲရစ်၏ ခင်ပွန်းဖြစ်သူ ဒတ်အမ်ဟော့ဖ်က ၎င်း၏ ဇနီးနှင့်ထရန့်တို့၏ စကားစစ်ထိုးပွဲကို ကြည့်ရှုရန် မ စောင့်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။

အမ်ဟော့ဖ်သည် နွေရာသီအိုလံပစ်ပိတ်ပွဲအခမ်းအနားအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီး ပါရီမြို့တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Fox News သတင်းရုပ်သံလိုင်းကလည်း စက်တင်ဘာ ၄ ရက်တွင် ဟဲရစ်နှင့်ထရန့်တို့၏ စကားစစ်ထိုးပွဲကို အဆိုပြုခဲ့ပြီး NBC News သတင်းရုပ်သံလိုင်းကမူ စက်တင်ဘာ ၂၅ ရက်တွင် ၎င်းတို့နှစ်ဦး၏ စကားစစ်ထိုးပွဲကို ထိုတ်လွှင့်မည်ဖြစ်သည်။

ဟားရစ်ကမူ နောက်ထပ်စကားစစ်ထိုးပွဲများပြုလုပ်မှုနှင့်ပတ်သက်ပြီး စကားပြောဆိုမှုများ ပြုလုပ်ရန်ဆန္ဒရှိကြောင်း မီချီဂန်ပြည်နယ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရန့်ကလည်း ၎င်း၏ ဒုတိယသမ္မတကိုယ်စားလှယ်လောင်း ဂျေဒီဗန့်စ် နှင့် ဟဲရစ်၏ ဒုတိယသမ္မတကိုယ်စားလှယ်လောင်း တင်မ်ဝဲလ်ဇ်တို့ကို CBS ရုပ်သံလိုင်းတွင် စ ကားစစ်ထိုးပွဲပြုလုပ်စေလိုကြောင်း ပြောကြားခဲ့သည်။

ဟားရစ်သည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းအဖြစ်  ဘိုင်ဒင်၏နေရာကို အစားထိုးပြီးယှဉ်ပြိုင်ခဲ့ချိန်ကတည်းက မီဒီယာများနှင့် အင်တာဗျူးပြုလုပ်ရခြင်းမရှိသေးဘဲ ထိုအချက်ကို ထရန့် က ဝေဖန်ခဲ့ကာ ဗန့်စ်ကလည်း ထိုအကြောင်းအရာကို X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။                                   Ref: AP

Most Read

Most Recent