ချန်ပီယံလိဂ်ဖလားရရှိဖူးသည့် ညီအစ်ကိုအရေအတွက်မှာ ခြောက်တွဲအထိရှိနေ

ချန်ပီယံလိဂ်ဖလားရရှိဖူးသည့် ညီအစ်ကိုအရေအတွက်မှာ ခြောက်တွဲအထိရှိနေ
Photos : Getty Images
Photos : Getty Images
Published 26 August 2020

ထို့ကြောင့် လူးကပ်စ်နှင့် သီယိုတို့မှာ တစ်အူထုံ့ဆင်းညီရင်းအစ်ကိုများထဲမှ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် ဆဋ္ဌမမြောက် ညီအစ်ကိုအတွဲဖြစ်လာခဲ့ပြီး မတူညီသည့်ကလပ်အသင်းများနှင့်မူ စတုတ္ထမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။    

ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်သည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်း၌ ဆုဖလားရရှိဖူးသည့် ညီအစ်ကိုအရေအတွက်မှာ  ခြောက်တွဲအထိ ရှိလာခဲ့ကြောင်း သိရသည်။

လူးကပ်စ်၏ညီ သီယိုဟာနန်ဒက်ဇ်မှာ  ၂၀၁၇-၁၈ ရာသီက ရီးယဲလ်မက်ဒရစ်အသင်း နှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး  လက်ရှိ၌မူ အေစီမီလန်အသင်းတွင် ကစားနေသူဖြစ်သည်။ 

ထို့ကြောင့် လူးကပ်စ်နှင့် သီယိုတို့မှာ တစ်အူထုံ့ဆင်းညီရင်းအစ်ကိုများထဲမှ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် ဆဋ္ဌမမြောက် ညီအစ်ကိုအတွဲဖြစ်လာခဲ့ပြီး မတူညီသည့်ကလပ်အသင်းများနှင့်မူ စတုတ္ထမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

   

ချန်ပီယံလိဂ်ဖလားရဖူးသည့် ညီအစ်ကိုအတွဲများမှာ မိုက်ကယ်လောဒရပ်(ဘာစီလိုနာ/ ၁၉၉၂)နှင့် ဘရိုင်ယန်လောဒရပ်(အေစီမီလန်/ ၁၉၉၄)၊ ဖရန့်ဒီဘိုးဝါးနှင့် ရော်နယ်ဒီဘိုးဝါး (အေဂျက်စ်/၁၉၉၅)၊ ဂယ်ရီနဗီးလ်နှင့် ဖီးလ်နဗီးလ်(မန်ယူ/၁၉၉၉)၊ ဂါဘရီယဲလ်မီလီတို (ဘာစီလိုနာ/၂၀၀၉)နှင့် ဒီယေဂိုမီလီတို (အင်တာမီလန်/၂၀၁၀)၊ သီယာဂိုအယ်လ်ကန်တာရာ(ဘာစီလိုနာ/၂၀၁၁)နှင့် ရာဖင်ဟာအယ်လ်ကန်တာရာ (ဘာစီလိုနာ/၂၀၁၅) တို့ဖြစ်သည်။

Most Read

Most Recent