ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အားကစားအဖွဲ့ချုပ်များနှင့် အား/ကာ ပူးပေါင်းဆောင်ရွက်မည်

ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အားကစားအဖွဲ့ချုပ်များနှင့် အား/ကာ ပူးပေါင်းဆောင်ရွက်မည်
Photo: EMG
Photo: EMG
Published 16 August 2020

မြန်မာအားကစားအဖွဲ့များသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ နှစ်ကုန်ပိုင်းမှသာ အစောဆုံး လေ့ကျင့်ပြင်ဆင်နိုင်ဖွယ်ရှိနေသည်။ မြန်မာအားကစားအဖွဲ့များသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အနည်း ဆုံးတစ်နှစ်ခွဲ အချိန်ယူပြင်ဆင်လေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် တစ်နှစ်ဝန်းကျင်သာ ပြင်ဆင်ချိန်ရရှိတော့မည်ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၁ ခုနှစ် ၃၁ ကြိမ် မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အားကစားနည်းအလိုက် လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့များသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ နှစ်ကုန်ပိုင်းမှသာ အစောဆုံး လေ့ကျင့်ပြင်ဆင်နိုင်ဖွယ်ရှိနေသည်။ မြန်မာအားကစားအဖွဲ့များသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အနည်း ဆုံးတစ်နှစ်ခွဲ အချိန်ယူပြင်ဆင်လေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် တစ်နှစ်ဝန်းကျင်သာ ပြင်ဆင်ချိန်ရရှိတော့မည်ဖြစ်သည်။ ထို့ကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိသေးသည့်ကာလတွင် အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်မှုပြုလုပ်ရန်၊ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ပြည်ပ လေ့ကျင့်ရေးခရီးစဉ်များ၊ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်နိုင်မည့် အစီအစဉ်များအတွက် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို သြဂုတ်လဆန်းပိုင်းကပြုလုပ်သည့် အစည်း အဝေးတွင် အားကစားအဖွဲ့ချုပ်များအား ထုတ်ပြန်ခဲ့သည်။

"လက်ရှိအနေအထားက အားကစားအဖွဲ့ချုပ်တွေအနေနဲ့ စခန်းဝင်လေ့ကျင့်လို့ မရသေးတာကြောင့် အွန်လိုင်းကနေ လေ့ကျင့်ဖို့ ညွှန်ကြားထားပါတယ်။ စခန်းဝင်လေ့ကျင့်ခွင့်ရအောင်လည်း တင်ပြဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင် ပြည်ပနိုင်ငံတွေမှာ သွားရောက်လေ့ကျင့်ဖို့နဲ့ ပြိုင်ပွဲတွေယှဉ်ပြိုင်နိုင်ဖို့အတွက်လည်း ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစည်းအဝေးမှာ အားကစားအဖွဲ့ချုပ်တွေကို မှာကြားတာက ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်ရာမှာ အရေအတွက်ထက် အရည်အချင်းရှိတဲ့သူတွေကို ဦးစားပေး ရွေးချယ်လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် တားမြစ်ဆေးစစ်ဆေးတာတွေကိုလည်း ကြိုတင်လုပ်ဆောင်ဖို့ အားကစားအဖွဲ့ချုပ် တွေကို ညွှန်ကြားထားပါတယ်"ဟု အား/ကာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။

Most Read

Most Recent