ပီယာလိုသည် နည်းပြအချို့ထက် ပိုသိသူဖြစ်သည်ဟု အူလီဗီယာရီ ချီးကျူး

ပီယာလိုသည် နည်းပြအချို့ထက် ပိုသိသူဖြစ်သည်ဟု အူလီဗီယာရီ ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 11 August 2020

အီတလီနည်းပြများအစည်းအရုံးဥက္ကဋ္ဌဖြစ်သူ အူလီဗီယာရီက ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာသူ ပီယာလိုသည် နည်းပြအချို့ထက် အသိဉာဏ်ပိုကြွယ်ဝသူဖြစ်သည်ဟု ချီးကျူးသုံးသပ်ခဲ့သည်။ 

အူလီဗီယာရီသည် ပီယာလို တက်ရောက်ခဲ့သည့် နည်းပြသင်တန်းကျောင်း ကိုဗာချီယာနို၏ ဒါရိုက်တာလည်း ဖြစ်သည်။ 

အူလီဗီယာရီက "ပီယာလိုက နက်နက်နဲနဲ တွေးနိုင်တဲ့သူ ဖြစ်ပါတယ်။ သူက ပွဲအကြောင်းကို တချို့နည်းပြတွေထက်တောင် ပိုသိသေးတယ်။ သူက စာကြိုးစားတယ်။ သေချာ အာရုံစိုက်တယ်။ ဘောလုံးအနာဂတ်ကို မှန်းဆနိုင်ပါတယ်။ သူ အဆင်သင့်ဖြစ်နေပါပြီ"ဟု သုံးသပ်ခဲ့သည်။

အသက် (၄၁)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်ဟောင်း ပီယာလိုသည် ကစားသမားဘဝတွင် အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်တို့လို ထိပ်သီးအသင်းများတွင် ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သည်။ 

ပီယာလိုသည် ၂၀၂၀ ဇွန်လ (၃၀)ရက်တွင် ဂျူဗင်တပ်စ်ယူ-၂၃ အသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက် (၉)ရက်အကြာဖြစ်သည့် သြဂုတ်လ (၈)ရက်တွင် နည်းပြ ဆာရီ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ဂျူဗင်တပ်စ်နည်းပြအဖြစ် (၂)နှစ်စာချုပ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ 

Most Read

Most Recent