MMA ပြိုင်ပွဲများ ယှဉ်ပြိုင်ဖြစ်ပါက အောင်လအန်ဆန်နှင့် Fight Card တစ်ခုတည်း ပါဝင်လိုကြောင်း ဒေ့ဗ် ဖွင့်ဟ

MMA ပြိုင်ပွဲများ ယှဉ်ပြိုင်ဖြစ်ပါက အောင်လအန်ဆန်နှင့် Fight Card တစ်ခုတည်း ပါဝင်လိုကြောင်း ဒေ့ဗ် ဖွင့်ဟ
Photos: Getty Images & Dave Facebook
Photos: Getty Images & Dave Facebook
Published 5 August 2020

ကနေဒါနိုင်ငံသား ဒေ့ဗ်သည် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ$ ဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုမီ အစောပိုင်းကာလတွင် MMA ပြိုင် ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် ကစားသမားဖြစ်ပြီး လက်ရှိတွင်လည်း MMA ပြိုင်ပွဲ များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေကြောင်း Asia MMA သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဒေ့ဗ်က မိမိအနေjဖင့် MMA ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေပြီး ချန်ပီယံ အောင်လအန်ဆန် နှင့်  Fight Card တစ်ခုတည်း၌ ယှဉ်ပြိုင် ခွင့်ရလိုသည်ဟု Asia MMA သတင်းဌာန နှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံသား ဒေ့ဗ်သည် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ$ ဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုမီ အစောပိုင်းကာလတွင် MMA ပြိုင် ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် ကစားသမားဖြစ်ပြီး လက်ရှိတွင်လည်း MMA ပြိုင်ပွဲ များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေကြောင်း Asia MMA သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

"ကျွန်တော့်အနေနဲ့ကတော့ MMA ပြိုင်ပွဲတွေဆီကို ပြန်သွားချင်တဲ့ ဆန္ဒရှိနေ ပါတယ်။ လက်ရှိမှာလည်း MMA နယ်ပယ်က အဆင့်မြင့်ကိုယ်ခံပညာရှင်တွေနဲ့ လေ့ကျင့် နေတာတွေလည်း ရှိနေပါတယ်။ ကျွန်တော့် အနေနဲ့ One Championship မှာ ဝင် ရောက်ယှဉ်ပြိုင်မယ်ဆိုရင် မြန်မာပြည်က ကျွန်တော့်သူငယ်ချင်း အောင်လအန်ဆန်နဲ့ Fight Card  တစ်ခုတည်း ပါဝင်ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံက ပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးချင်ပါတယ်" ဟု ဒေ့ဗ်က ပြောကြားခဲ့သည်။ 

ကနေဒါနိုင်ငံသား ဒေ့ဗ်သည် ၂၀၁၄ ခုနှစ်မှစ၍ မြန်မာ့ရိုးရာလက်ဝှေ့နယ်ပယ်သို့ အခြေချခဲ့သူဖြစ်ပြီး ပြည်တွင်းမှ နာမည်ကျော် ကစားသမားများဖြစ်သည့် ထွန်းထွန်းမင်း၊ တူး တူး၊ ဖိုးကေစသည့် လက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ရလဒ်ကောင်းများရယူ နိုင်ခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ်တွင် WLC မြန်မာ့လက်ဝှေ့ပြိုင်ပွဲများ ကျင်းပနေသည့် မြန်မာလက်ခမောင်းကုမ္ပဏီနှင့် လက်တွဲခဲ့ပြီး ခရူဆာဝိတ်တန်းချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရခဲ့သည်။

ဒေ့ဗ်သည် ယင်းပွဲစဉ်$ UFC ကစား သမားဟောင်း အမေရိကန်နိုင်ငံသား ဆာ့သ်ဘတ်ဇင်စကီးနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ အလဲ ထိုးဖြင့် အနိုင်ရပြီး ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။ အစောပိုင်းသတင်းများအရ One Championship ၏ CEO ချက်ထရီကလည်း ဒေ့ဗ်ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သောကြောင့် ၎င်းအနေဖြင့် MMA ပြိုင်ပွဲများသို့ ရောက်ရှိနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

Most Read

Most Recent