FA ဖလားတွင် ဗိုလ်စွဲခဲ့မှုကြောင့် အာဆင်နယ်ကစားသမားများ လစာငွေ ပေါင် ၁၂ သန်း ပြန်လည်ရရှိ

FA ဖလားတွင် ဗိုလ်စွဲခဲ့မှုကြောင့် အာဆင်နယ်ကစားသမားများ လစာငွေ ပေါင် ၁၂ သန်း ပြန်လည်ရရှိ
Photos : Getty Images
Photos : Getty Images
Published 5 August 2020

ယခုကဲ့သို့ လစာ ငွေဖြတ်တောက်မှု ရာခိုင်နှုန်း လျော့ကျသွားသဖြင့် ပြီးခဲ့သည့်လများအတွင်း အာဆင်နယ် အသင်း၏ တစ်နှစ်လစာငွေ ပေါင်သန်း ၂၄၀ မှ  သန်း ၃၀ အစား ၁၈ သန်းသာ သက်သာမည် ဖြစ်သည်။ အာဆင်နယ် အသင်းသည် ယူရိုပါ လိဂ်ဝင်ခွင့်ရရှိခြင်းမှ  ပေါင် ၂၅ သန်း ဝင်ငွေ တိုးလာပြီး FA ဖလားရရှိမှုကြောင့်လည်း ဆုကြေးအဖြစ် ပေါင် ၃ ဒသမ ၆ သန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ 

FA ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ချယ်လ် ဆီးအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ မှုကြောင့် အာဆင်နယ်ကစားသမားများသည်  လစာငွေ ပေါင် ၁၂ သန်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပြီးခဲ့သည့် ဧပြီလမှစတင်ပြီး ၂၀၂၁ မတ်လအထိ လစာငွေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ကစားသမားများနှင့် သဘောတူညီမှုယူခဲ့သည်။ သို့သော် FA ဖလားတွင် ဗိုလ်စွဲမှု ကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ရာ လစာငွေလျှော့ချ မှု ရာခိုင်နှုန်းကိုမူလသဘောတူထားသည့် အတိုင်း ၇ ဒသမ ၅ ရာခိုင်နှုန်းသို့  လျော့ကျခဲ့ရသည်။ ထို့ကြောင့် ဧပြီလမှစတင်ကာ ပြီးခဲ့ သည့်လများအတွက် လစာငွေကို  ပြန်ပေါင်းပေး ရမည်ဖြစ်ကာ ယင်းငွေပမာဏ မှာ ပေါင် ၁၂ သန်းခန့် ရှိနေခြင်းဖြစ်သည်။  

ယခုကဲ့သို့ လစာ ငွေဖြတ်တောက်မှု ရာခိုင်နှုန်း လျော့ကျသွားသဖြင့် ပြီးခဲ့သည့်လများအတွင်း အာဆင်နယ် အသင်း၏ တစ်နှစ်လစာငွေ ပေါင်သန်း ၂၄၀ မှ  သန်း ၃၀ အစား ၁၈ သန်းသာ သက်သာမည် ဖြစ်သည်။ အာဆင်နယ် အသင်းသည် ယူရိုပါ လိဂ်ဝင်ခွင့်ရရှိခြင်းမှ  ပေါင် ၂၅ သန်း ဝင်ငွေ တိုးလာပြီး FA ဖလားရရှိမှုကြောင့်လည်း ဆုကြေးအဖြစ် ပေါင် ၃ ဒသမ ၆ သန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ 

လစာငွေလျှော့ချ သည့်အစီအစဉ်တွင် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိလျှင် လစာလုံးဝ မလျှော့သည့်အပြင် ဆုကြေး ပေါင်တစ်သိန်း ထပ်ဆောင်းပေးမည့် သဘောတူညီချက်ပါရှိ သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ် ဆုံးလေးနေရာနှင့်  ဝေးကွာကာ အဆင့်ရှစ်နေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး အခြားနည်းလမ်း ဝင်ခွင့်ဖြစ်သည့် ယူရိုပါလိဂ်မှလည်း ထွက်ခဲ့ရသဖြင့် ယင်းအခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။

Most Read

Most Recent