ကမ္ဘာ့စံချိန်တင်ကြေးပေးထားရသော်လည်း ချယ်လ်ဆီးဂိုးသမား ကယ်ပါ၏ စွမ်းဆောင်ရည်မှာ ယခုရာသီ ပရီးမီးယားလိဂ်တွင် အညံ့ဆုံးဖြစ်

ကမ္ဘာ့စံချိန်တင်ကြေးပေးထားရသော်လည်း ချယ်လ်ဆီးဂိုးသမား ကယ်ပါ၏ စွမ်းဆောင်ရည်မှာ ယခုရာသီ ပရီးမီးယားလိဂ်တွင် အညံ့ဆုံးဖြစ်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 26 July 2020

ကယ်ပါသည် ချယ်လ်ဆီး အတွက် နှစ်ရာသီသာ ကစားထားသော်လည်း ၆၉ ပွဲတွင် ၈၆ ဂိုးခွင့်ပြု ထားရပြီး ပရီးမီးယားလိဂ်သမိုင်းတစ် လျှောက် ချယ်လ်ဆီးအသင်း ပေးထားရသည့် ဂိုးစုစုပေါင်း (၁၀၀၂ ဂိုး) ၏ ရှစ်ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် စပိန်ဂိုးသမား ကယ်ပါအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေထားရသော်လည်း ယခုရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲရှိ ဂိုးသမားများအနက် ၎င်း၏စွမ်းဆောင်ရည်မှာ အညံ့ဆုံး ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့် ရာသီ ပိတ်ပွဲစဉ်မတိုင်မီ ၃၇ ပွဲအပြီးတွင် ၅၄ ဂိုးခွင့်ပြုထားရပြီး ယင်းဂိုးများအနက် ၃၃ ပွဲကစားခွင့်ရထားသည့် ကယ်ပါက ၄၇ ဂိုးနှင့် လေးပွဲကစားထားရသည့် အရန်ဂိုးသမား ကာဘယ်လာရိုက ခုနစ်ဂိုး ပေးထားရခြင်းဖြစ်သည်။ ကယ်ပါသည် ၃၃ ပွဲ တွင် ဂိုးမပေးရသည့် (Clean Sheet) ပွဲ ရှစ်ပွဲသာရှိသလို ပေးဂိုးအများဆုံး စာရင်းတွင် အဆင့် ၈၊ ကာကွယ်မှု အများဆုံးစာရင်းတွင် ၅၅ ကြိမ်ဖြင့် (စပါးအသင်းမှ နှစ်ဦးပါဝင်သော ကြောင့်) အဆင့် ၂၁ နေရာအထိ ရောက်ရှိနေသည်။ 

ထို့ပြင် ယခုရာသီ တွင် ၎င်း၏ တစ်ပွဲပျမ်းမျှပေးဂိုးအရေအတွက်မှာ ၁ ဒသမ ၄၂ ဂိုးရှိပြီး ချယ်လ်ဆီးအသင်း ဂိုးသမားများ အနက် ဒုတိယပေးဂိုးနှုန်းအမြင့်ဆုံး ဖြစ်နေသည်။ ကယ်ပါထက် တစ်ပွဲ ပျမ်းမျှပေးဂိုးနှုန်းပိုများသူမှာ ၁၉၉၆- ၁၉၉၇ ရာသီတွင် ပွဲ ၂၀ ကစား ဂိုး ၃၀ ပေးခဲ့ရသည့် ဂရူဒက်စ်ဖြစ်ပြီး ၁ ဒသမ ၅ ဂိုးနှုန်း ခွင့်ပြုခဲ့ရသည်။

ပေးဂိုးအရေအတွက်နှင့်နှိုင်းယှဉ် ပါက ကယ်ပါသည် ၁၉၉၃-၁၉၉၄ ရာသီတွင် ၄၈ ဂိုးပေးခဲ့ရသည့် ဒီမီ ထရီခါရင်းပြီးလျှင် ဒုတိယအများဆုံး အဖြစ် ရပ်တည်နေသည်။ သို့သော် ဒီမီထရီခါရင်းမှာ ပွဲ ၄၀ ကစားရာ တွင် (ထိုစဉ်က ပရီးမီးယားလိဂ် တစ် ရာသီတွင် ၄၂ ပွဲကစားရ) ၄၈ ဂိုးပေး ရခြင်းဖြစ်သောကြောင့် တစ်ပွဲပျမ်း မျှပေးဂိုးနှုန်းမှာ ၁ ဒသမ ၂ ဂိုးသာ ရှိပြီး ရာခိုင်နှုန်းအရ ကယ်ပါက ပိုများနေခြင်းဖြစ်သည်။

ကယ်ပါသည် ချယ်လ်ဆီး အတွက် နှစ်ရာသီသာ ကစားထားသော်လည်း ၆၉ ပွဲတွင် ၈၆ ဂိုးခွင့်ပြု ထားရပြီး ပရီးမီးယားလိဂ်သမိုင်းတစ် လျှောက် ချယ်လ်ဆီးအသင်း ပေးထားရသည့် ဂိုးစုစုပေါင်း (၁၀၀၂ ဂိုး) ၏ ရှစ်ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။ ပရီးမီးယားလိဂ်သမိုင်းတစ် လျှောက် ချယ်လ်ဆီးအတွက် စွမ်း ဆောင်ရည်အကောင်းဆုံး ဂိုးသမား မှာ ၃၃၃ ပွဲကစား ၂၄၁ ဂိုး၊ တစ်ပွဲပျမ်း မျှ ၀ ဒသမ ၇၂ ဂိုး ခွင့်ပြုခဲ့ရသည့် ပီတာချက်ဖြစ်ပြီး ကယ်ပါမှာမူ အဆင့် ၇ နေရာ ရပ်တည်လျက်ရှိသည်။

Most Read

Most Recent