၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည့်အပြင် ထပ်မံကျဆင်းနိုင်သည့် အန္တရာယ်စိန်ခေါ်မှုများရှိနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည့်အပြင် ထပ်မံကျဆင်းနိုင်သည့် အန္တရာယ်စိန်ခေါ်မှုများရှိနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်
ပုံစာ - (လှိုင်သာယာစက်မှုဇုန် (၂) ရှိ လက်ဝါး အထည်ချုပ်စက်ရုံ ၃ ပိတ်သိမ်းသဖြင့် အလုပ်သမားများအား နစ်နာကြေး ပေးနေသည်ကို မေလအတွင်းက တွေ့ရစဉ်)
ပုံစာ - (လှိုင်သာယာစက်မှုဇုန် (၂) ရှိ လက်ဝါး အထည်ချုပ်စက်ရုံ ၃ ပိတ်သိမ်းသဖြင့် အလုပ်သမားများအား နစ်နာကြေး ပေးနေသည်ကို မေလအတွင်းက တွေ့ရစဉ်)
Published 27 June 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည့် အပြင် ထပ်မံကျဆင်းနိုင်သည့် အန္တရာယ်စိန် ခေါ်မှုများရှိကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့ စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ လက်ရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၅ ရာ ခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည့်အပြင် ထပ်မံကျဆင်းသွားနိုင်သည့် အန္တရာယ်စိန် ခေါ်မှုများရှိကြောင်း ဇွန် ၂၅ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့် ကြည့်လေ့လာခြင်းအစီရင်ခံစာသည် မြန်မာ  နိုင်ငံအစိုးရ၏တု့့ံပြန်ဆောင်ရွက်မှုများဖြစ်သော COVID-19 Fund ထူထောင်ခြင်း နှင့် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားနိုင်ရေးစီမံချက်(CERP) များအား လေ့လာသုံးသပ်ထားသည်။

ယင်းတို့တွင် အခွန်သက်သာခွင့်ပေးခြင်း၊စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေးခြင်း၊အိမ်ထောင်စုများအတွက် အစားအစာနှင့်ငွေသားများပံ့ပိုးပေးခြင်း၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေမည့်မူဝါဒများ အပါအဝင် စီးပွားရေးကုစားပေးနိုင်ရန်နှင့် ကြံ့ကြံံ့ခံနိုင်သော ပြန်လည်ထူထောင်မှုဖြစ်စေရန် အထောက်အကူပေးမည့်နည်းလမ်းများပါဝင်သည်။

စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးနေမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် လတ်တ လောအောင်မြင်မှုများရရှိလျက်ရှိသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာတိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဆင်းရဲသော အိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ရင်ခံစာတွင် ခန့်မှန်းထားသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ အရပ်ဘက် အုပ်ချုပ်ရေးသို့ စတင်ကူးပြောင်းလာသည့် မြန်မာနိုင်ငံသည် သိသာထင်ရှားသည့် စီးပွားရေးတိုးတက်မှုများနှင့် တိုင်းတာ ဖော်ပြနိုင်သည့် လူနေမှုဘဝအခြေအနေသို့ တိုး တက်မှုများရှိလာခဲ့သည်။

၂၀၀၅ ခုမှ ၂၀၁၇ ခုနှစ်အတွင် မြန်မာနိုင်ငံ၏ ဆင်ရဲနွမ်းပါးမှုနှုန်းသည် ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၅ ရာခိုင်နှုန်းအထိ ထက်ဝက် နီးပါးကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ထိုကာလအတွင်း ရရှိခဲ့သော တိုးတက်မှုများ၏ အသီးအပွင့်များ မခံစား နိုင်သည့် ပြည်သူအများအပြား ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး ၏ သုံးပုံတစ်ပုံသည် ပဋိပက္ခဒဏ်ခံစားနေရ သော ဒေသများဖြစ်သည်။ ယင်းအခြေအနေ များသည် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ဖြစ် သည့် ငြိမ်းချမ်းသာယာဝပြောသော တိုင်း ပြည်တစ်ခုအဖြစ်သို့ ရောက်ရှိရေးအတွက် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်နေ ကြောင်း ဖော်ပြထားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အသီးအ ပွင့်များ ပြည်သူတိုင်းရရှိခံစားနိုင်ရန် တန်းတူ ညီမျှပြီး တည်ငြိမ်အေးချမ်းသည့်အနာဂတ် အား တည်ဆောက်နိုင်ရန်အတွက် မြန်မာ နိုင်ငံသည် ပြည်သူပြည်သာားများ အားလုံး အတွက် ရင်းနှီးမြှုပ်နှံပေးရန်လိုအပ်မည်ဖြစ် ကြောင်း၊ မေ ၁၈ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ဖွံ့ဖြိုးရေးမဟာဗျူဟာအသစ် တွင် တိုင်းပြည်၏အသွင်ကူးပြောင်းရေး လုပ်ငန်းများအား ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပြည့်ဝပြီး လုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများပေါ်ပေါက်စေ ရန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပဋိပက္ခဒေသများ အပါအဝင် ဝေးလံနောက်ကျ သည့်ဒေသများရှိ ဆင်းရဲနွမ်းပါးသူများပါမ ကျန် ဖွံ့ဖြိုးရေး၏အသီးအပွင့်များကို ရရှိခံ စားနိုင်စေရန် အာရုံစိုက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့်လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ်မာရီယန်ရှာမန်က ပြောကြားသည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်အုပ်စု၏ ဖွံ့ဖြိုးရေးမဟာဗျူဟာ မူဘောင်အသစ် ၂၀၂၀-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဋိပက္ခဒဏ်ခံရသည့် ဒေသများအပါအဝင် လူမှုဘဝ ပေါင်းစည်းပါဝင်ရေး (Social inlusion) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများအပေါ် အလေး နက်ထား၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီး ပွားရေး အသွင်းကူးပြောင်းမှုများအား ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent