ပုံရိပ်ကျဆင်းနေသည့် တိုက်စစ်မှူး ဘာလိုတယ်လီဘက်မှ မန်စီနီ ထောက်ခံပြောဆို

 ပုံရိပ်ကျဆင်းနေသည့် တိုက်စစ်မှူး ဘာလိုတယ်လီဘက်မှ မန်စီနီ ထောက်ခံပြောဆို
Photos: Getty Images
Photos: Getty Images
Published 24 June 2020

လက်ရှိအချိန်တွင် ဘာလိုတယ်လီသည် သူပါဝင်ကစားနေသည့် ဘရက်စီယာအသင်းနှင့် ပြဿနာများဖြစ်ပွားနေပြီး တရားရင်ဆိုင်ရဖွယ်ရှိနေသည်။

အီတလီအသင်းနည်းပြ မန်စီနီက လက်ရှိအချိန်တွင် ပုံရိပ်ကျဆင်းနေသည့် တိုက်စစ်မှူး ဘာလိုတယ်လီသည် တစ်နေ့နေ့တစ်ချိန်ချိန်၌ ပုံစံကောင်းပြန်ရလိမ့်မည်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။ 

လက်ရှိအချိန်တွင် ဘာလိုတယ်လီသည် သူပါဝင်ကစားနေသည့် ဘရက်စီယာအသင်းနှင့် ပြဿနာများဖြစ်ပွားနေပြီး တရားရင်ဆိုင်ရဖွယ်ရှိနေသည်။

မန်စီနီက " သူဘာလုပ်နေလဲဆိုတာ ကျွန်တော် အမြဲစောင့်ကြည့်မိတယ်။ သူ့ကို ချာတိတ်ဘဝကတည်းက ကျွန်တော် လေ့ကျင့်ပေးခဲ့ပါတယ်။  သူ့ရဲ့ အကောင်းဆုံးနှစ်တွေရှိခဲ့ဖူးပါတယ်။ သူ့အသက်က (၃၀)လောက် ပဲရှိသေးလို့ ပြောင်းလဲချိန်ရှိပါသေးတယ်။ တစ်နေ့မှာ သူ့ရဲ့ဘောလုံးပါရမီကို အလကားလုပ်ခဲ့မိလို့ သူ နောင်တရနေပါလိမ့်မယ်။ သူက ပုဂ္ဂိုလ်ရေး အရကောင်းမွန်သူဖြစ်ပြီး ယဉ်ကျေးသူတစ်ဦးပါ။ ကိုယ့်ကိုယ်ကိုယ်မဖျက်ဆီးဖို့ ဘာလိုတယ်လီကို ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်။ သူက အလားအလာရှိတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent