ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုအတွက် အချိန်ဇယားကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ပဲလေ့စ်နှင့်ပွဲကို အိမ်ကွင်း၌ကစားရမည်ဖြစ်၍ လီဗာပူးလ်အသင်း၏ ချန်ပီယံအဖြေ အန်ဖီးလ်တွင် ထွက်ပေါ်ဖွယ်ရှိ

ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုအတွက် အချိန်ဇယားကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ပဲလေ့စ်နှင့်ပွဲကို အိမ်ကွင်း၌ကစားရမည်ဖြစ်၍ လီဗာပူးလ်အသင်း၏ ချန်ပီယံအဖြေ အန်ဖီးလ်တွင် ထွက်ပေါ်ဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 7 June 2020

ယခုထုတ်ပြန်ထားသည့် ၉၂ ပွဲအနက် မာဆေးဆိုက်ဒါဘီပွဲစဉ်ဖြစ်သည့် အဲဗာတန်- လီဗာပူးလ်ပွဲနှင့် မန်စီးတီး-လီဗာပူးလ်ပွဲကိုသာ သက်ဆိုင်ရာကလပ်အသင်း၏ အိမ်ကွင်း (သို့မဟုတ်) ကြားကွင်း၌ကစားရန် မဆုံးဖြတ်ရသေးဘဲ လာမည့်တစ်ပတ် ဆွေးနွေးပွဲတွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။

တစ်ကျော့ပြန်စတင်မည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပွဲစဉ်သုံးခုနှင့် လက်ကျန်နှစ်ပွဲအတွက် အချိန်ဇယားကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ဗြိတိန်မီဒီယာများ ကနဦးဖော်ပြခဲ့သည့်ပွဲစဉ်နှင့် ကွဲလွဲချက်အချို့ရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲက ထုတ်ပြန်ခဲ့သည့် ပွဲစဉ်အရ ဇွန် ၁၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ၁၆ ရက်အတွင်း ဇွန် ၁၈ ရက်နှင့် ၂၆ ရက် နှစ်ရက်တည်းသာ ပွဲမရှိဘဲ ကျန်ရက်များတွင် ဆက်တိုက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ထို့ပြင် ယခုထုတ်ပြန်ထားသည့် ၉၂ ပွဲအနက် မာဆေးဆိုက်ဒါဘီပွဲစဉ်ဖြစ်သည့် အဲဗာတန်- လီဗာပူးလ်ပွဲနှင့် မန်စီးတီး-လီဗာပူးလ်ပွဲကိုသာ သက်ဆိုင်ရာကလပ်အသင်း၏ အိမ်ကွင်း (သို့မဟုတ်) ကြားကွင်း၌ကစားရန် မဆုံးဖြတ်ရသေးဘဲ လာမည့်တစ်ပတ် ဆွေးနွေးပွဲတွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။ ပွဲစဉ် ၃၁ အဖြစ် ယှဉ်ပြိုင်ရမည့် လီဗာပူးလ်-ပဲလေ့စ်ပွဲ ကို အန်ဖီးလ်ကွင်း၌ ကျင်းပခွင့်ရမည်ဖြစ်သောကြောင့် လီဗာပူးလ်အသင်းအနေဖြင့် အိမ်ကွင်းတွင် ချန်ပီယံအဖြေထွက်ပေါ်ဖွယ်ရှိနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ဒုတိယနေရာမှ မန်စီးတီးအသင်းကို တစ်ပွဲပို ၂၅ မှတ်ဖြတ် ထားသောကြောင့် လက်ကျန်ကိုးပွဲအနက် ခြောက်မှတ်ရရှိရုံဖြင့် နှစ် ၃၀ ကြာဝေးကွာနေသည့် ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်မည်ဖြစ်ရာ အဲဗာတန်၊ ပဲလေ့စ်တို့ကို နှစ်ပွဲ ဆက်အနိုင်ရပါက ချန်ပီယံဆုရရှိမည်ဖြစ်သည်။ 

ဗြိတိန်ရဲတပ်ဖွဲ့က လီဗာပူးလ်အသင်း ချန်ပီယံအဖြေထွက်ပေါ်မည့်ပွဲကို ကြားကွင်း၌သာကစားရန် တောင်းဆိုထားသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲက ပဲလေ့စ်နှင့်ပွဲကို အန်ဖီးလ်၌ ကျင်းပရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent