စစ်မှုထမ်းအတွေ့အကြုံကို ဆွန်ဟောင်မင်ရှင်းပြခဲ့ပြီး စပါးအသင်းတွင် ဟာရီကိန်းအပါအဝင် လူစုံလေ့ကျင့်ခန်းပြန်ဆင်းနေပြီဟု ပြောကြား

Published 5 June 2020

စပါးအသင်း၏ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်သည် မကြာသေးမီက ဆောင်ရွက်ခဲ့ရသည့် စစ်မှုထမ်းအတွ့အကြုံများကို ပြန်လည်ရှင်းပြခဲ့ပြီး၊ လက်ရှိစပါးအသင်း၏ ဒဏ်ရာပြဿနာအခြေအနေကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

အသက်(၂၇)နှစ်အရွယ်ရှိ ဆွန်ဟောင်မင်သည် ပြီးခဲ့သည့်မေလအတွင်းက တောင်ကိုရီးယားနိုင်ငံတွင် (၃)ပတ်ကြာစစ်မှှုထမ်းအစီအစဉ်ကို အဆုံးသတ်နိုင်ခဲ့ပြီး၊ ယခုအချိန်တွင် စစ်မှုထမ်းလုပ်ငန်းစဉ်များ ပြီးစီးသွားခဲ့ပြီဖြစ်သည်။

စပါးအသင်းဝက်ဘ်ဆိုက်က ဆွန်ဟောင်မင်အား ယင်းအတွေ့အကြုံများကို မေးမြန်းခဲ့ရာတွင် ဆွန်ဟောင်မင်က "ကျွန်တော့်အတွက် အရမ်းအလုပ်များခဲ့တဲ့ (၃)လပါပဲ။ ဒဏ်ရာခွဲစိတ်ကုသခဲ့တယ်။ ပြန်သက်သာလာတဲ့အချိန်မှာ (၃)ပတ်ကြာ စစ်မှုထမ်းအစီအစဉ်ကို စတင်ခဲ့ပြီး အခုအသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ လေ့ကျင့်ခဲ့ရတဲ့ အသေးစိတ်အခြေအနေကို ကျွန်တော် မပြောတော့ပါဘူး။ စစ်မှုထမ်းအစီအစဉ်က အရမ်းခက်ခဲပြီး ပင်ပန်းခဲ့ပါတယ်။ ပထမဆုံးနေ့မှာ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး မသိခဲ့ကြဘူး။ အခန်း တစ်ခန်းထဲမှာ လူ(၁၀)ယောက် စုနေရပြီး တစ်ဦးနဲ့တစ်ဦး အကူအညီပေးကြတယ်။ နောက်တော့ ကျွန်တော်တို့ အရမ်းရင်းနှီးသွားကြတယ်။ အတွေ့အကြုံကောင်းတွေလည်း ရရှိခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

အသင်း၏ အခြေအနေကိုလည်း "အရင်ကတော့ ဟာရီနဲ့ ကျွန်တော်ရာသီကုန်အထိ နားရမယ့်အခြေအနေပါ။ အခုတော့ ဆစ်ဆိုကို၊ ဟာရီကိန်း၊ ဘာ့ချ်ဝင်းနဲ့ ကျွန်တော်တို့ အားလုံးလေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ပြန်စတော့မယ့်ပွဲစဉ်တွေအတွက် တက်ကြွနေပါတယ်" ဟု ဆိုခဲ့သည်။

Most Read

Most Recent