ဗလင်စီယာနှင့်ပွဲမတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရဟု ဂတ်စ်ပါရီနီ ဆို

ဗလင်စီယာနှင့်ပွဲမတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရဟု ဂတ်စ်ပါရီနီ ဆို
Published 1 June 2020

အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါ ရီနီသည် ပြီးခဲ့သည့်ဗလင်စီယာအသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်မတိုင်မီတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းပွဲကို အီတလီနိုင်ငံ၊ မီလန်မြို့ရှိ၊ ဆန်စီရိုကွင်း တွင်ကစားခဲ့ပြီး အတ္တလန်တာအသင်းပရိသတ် (၄၀,၀၀၀)ကျော်နှင့် ဗလင်စီယာအသင်းပရိသတ်များစွာ လာရောက်ကြည့်ရှုခဲ့သည်။

ပွဲကျင်းပချိန်တွင် အီတလီနိုင်ငံ၌ ကို ရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေပြီး အတ္တလန်တာအသင်းတည်ရှိရာ ဘာဂါမိုမြို့သည် ကိုရိုနာဗိုင်း ရပ်စ်ရိုက်ခတ်မှုဒဏ်အများဆုံးခံရသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။

အတ္တလန်တာအသင်းနှင့် ဗလင်စီယာအသင်းတို့၏ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပထမအကျော့ပွဲစဉ်သည် ကိုရိုနာဗိုင်းရပ်စ်ပိုးဖြန့်ဝေသည့်အရာတစ်ခုဖြစ်ခဲ့ကြောင်း သုံးသပ်သူများရှိခဲ့သည်။

ယင်းပွဲတွင် အတ္တလန်တာအသင်းသည် ဗလင်စီယာအသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဗလင်စီယာအသင်း အိမ်ကွင်းမက်စ်တဲလားတွင် ပရိသတ်မပါဘဲ ကစားစေခဲ့သည်။

ဒုတိယအကျော့ပွဲစဉ်တွင်လည်း အတ္တလန်တာအသင်းသည် ဗလင်စီယာအသင်းကို ထပ်မံအနိုင်ရရှိခဲ့ပြီး ချန်ပီယံ လိဂ်ကွာတားဖိုင်နယ်အဆင့်သို့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။

လီဗာပူးလ် နှင့် အက်သလက်တီကိုတို့၏ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ဖြန့်ဝေရာပွဲအဖြစ် ဝေဖန်ခံခဲ့ရသည်။

 

Most Read

Most Recent