ဒေးဗစ်လူးဝစ်ဇ်အတွက် အာဆင်နယ်အသင်း တစ်ရာသီတည်း ပေါင်(၂၄)သန်းအထိ ကုန်ကျဖွယ်ရှိနေ

ဒေးဗစ်လူးဝစ်ဇ်အတွက် အာဆင်နယ်အသင်း တစ်ရာသီတည်း ပေါင်(၂၄)သန်းအထိ ကုန်ကျဖွယ်ရှိနေ
Published 1 June 2020

အာဆင်နယ်အသင်းသည် ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အတွက် တစ်ရာသီတည်း ပေါင်(၂၄) သန်းခန့်အထိ ကုန်ကျဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ချယ်လ်ဆီးအသင်းမှ ဒေးဗစ်လူးဝစ်ဇ်အား ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းခေါ်ယူမှုအတွက် ကြားခံဆောင်ရွက်ပေးသော အေးဂျင့်များကို ပေါင်(၆)သန်းအထိ ပေးခဲ့ရကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ၎င်းအား ခေါ်ယူမှုအတွက် အာဆင်နယ်အသင်းမှာ ပေါင်(၁၄)သန်းအထိ ကုန်ကျခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေးဗစ်လူးဝစ်ဇ်ကို တစ်ရာသီစာပေးချေရသည့် လစာငွေမှာလည်း ပေါင် (၁၀)သန်းအထိ ရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ဒေးဗစ်လူးဝစ်ဇ်သည် လာမည့်နွေရာသီ၌ အာဆင်နယ်အသင်းမှ ထွက်ခွာပြီး သူ၏အသင်းဟောင်းဖြစ်သည့် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း၌ ပြောင်းရွှေ့ကစားလိုသည်ဟု ပြောဆိုမှုများ ပြုလုပ်နေသည်။

သို့ဖြစ်ရာ အသင်းတွင် တစ်ရာသီတည်းကစားမည့် ဒေးဗစ်လူးဝစ်ဇ်အတွက် အာဆင်နယ်အသင်း၏ ကုန်ကျငွေမှာ ပေါင်(၂၄)သန်းအထိ ရှိနိုင်ကြောင်း  Daily Mail သတင်းစာက တွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဒေးဗစ်လူးဝစ်ဇ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်(၂၅)ပွဲအပါအဝင် ပြိုင်ပွဲစုံ(၃၂)ပွဲကစားကာ (၂)ဂိုးသွင်းယူပေးခဲ့ သည်။

 

Most Read

Most Recent