ဆန်ချိုကို မခေါ်နိုင်ပါက ဘုန်းမောက်အသင်းကွင်းလယ်လူ ဒေးဗစ်ဘရွတ်ခ်ကို မန်ယူကြိုးပမ်းမည်

ဆန်ချိုကို မခေါ်နိုင်ပါက ဘုန်းမောက်အသင်းကွင်းလယ်လူ ဒေးဗစ်ဘရွတ်ခ်ကို မန်ယူကြိုးပမ်းမည်
Photos: Getty Images
Photos: Getty Images
Published 31 May 2020

ဒေးဗစ်ဘရွတ်ခ်(၂၂ နှစ်)မှာမူ ဆန်ချိုထက် ပြောင်းရွှေ့ကြေးများစွာလျော့နည်းမည်ဖြစ်ရာ လက်ရှိတွင် မန်ယူအသင်းတာဝန်ရှိသူများသည် ၎င်း၏အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

မန်ယူအသင်းသည် ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါက ဘုန်းမောက်အသင်း၏ ဝေးလ်စ်ကွင်းလယ်လူ ဒေးဗစ်ဘရွတ်ခ်ကို ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း Manchetser Evening News သတင်းစာက ဖော်ပြခဲ့သည်။ 

မန်ယူအသင်းအနေဖြင့် ဆန်ချို (၂၀ နှစ်) အား ခေါ်ယူနိုင်ရန်  ပေါင်သန်း (၁၀၀)ခန့် သုံးစွဲရမည်ဖြစ်ပြီး လက်တွေ့တွင်လည်း ယင်းအပြောင်းအရွှေ့မှာ ခက်ခဲဖွယ်ရှိနေသည်။

ဒေးဗစ်ဘရွတ်ခ်(၂၂ နှစ်)မှာမူ ဆန်ချိုထက် ပြောင်းရွှေ့ကြေးများစွာလျော့နည်းမည်ဖြစ်ရာ လက်ရှိတွင် မန်ယူအသင်းတာဝန်ရှိသူများသည် ၎င်း၏အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

ဒေးဗစ်ဘရွတ်ခ်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုရာသီတွင် ပွဲမကစားရဘဲ အနားယူခဲ့ရပြီး ယခုအခါ ဒဏ် ရာပြန်ကောင်းနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent