၂၀၂၀-၂၀၂၁ ရာသီတွင် ဘောလုံးပွဲများကို ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ရဖွယ်ရှိဟု ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာ ပြောကြား

၂၀၂၀-၂၀၂၁ ရာသီတွင် ဘောလုံးပွဲများကို ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ရဖွယ်ရှိဟု ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 31 May 2020

ယခုရာသီ လက်ကျန်ပွဲစဉ်အားလုံးကို ကွင်းပိတ်ကျင်းပရမည်ဖြစ်သော်လည်း ပရိသတ်များအနေဖြင့် ၂၀၂၀-၂၀၂၁ ရာသီတွင် ဘောလုံးပွဲများကို ပြန်လည် ကြည့်ရှုခွင့်ရနိုင်ကြောင်း ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာက သုံးသပ်ပြောကြားခဲ့သည်။

 "ပွဲစဉ်တွေကို ကွင်းပိတ်ကစားရတဲ့အခြေအနေကနေ ဘယ်တော့ လွတ်မြောက်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အရေးပေါ်အစီအစဉ် တွေထားရှိတယ်ဆိုတာ မှန်ကန်တဲ့ကိစ္စပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ ကလပ်အသင်းတွေကတော့ လာမယ့်ရာသီမှာ ပရိသတ်တွေကို ပြန် တွေ့ရမယ်လို့ အပြုသဘောတွေးထားပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် အဆင့်ဆင့် ပြောင်းလဲတိုးတက်မှု တွေဖြစ်ဖို့ လိုပါတယ်။ ဒါက ကြီးမားတဲ့ စိတ်ဓာတ်မြှင့်တင်မှုဖြစ်မယ်လို့ မျှော်လင့်ထားပြီး အကောင်အထည် ဖော်နိုင်ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲတွင်မူ ကွင်းပိတ်ကစားရသဖြင့် အိမ်ကွင်းအသင်းများ အားသာချက်ပျောက်ဆုံးနေပြီး ပွဲစဉ်သုံးခု (၂၇ ပွဲ) ပြီးဆုံးချိန်အထိ အိမ်ရှင်အသင်း နိုင်ပွဲရမှု ငါးပွဲသာရှိကာ အဝေးကွင်းအသင်း နိုင်ပွဲရမှု ၁၂ ပွဲအထိရှိကြောင်း သိရသည်။

Most Read

Most Recent