ပရီးမီးယားလိဂ်ကို ကြားကွင်း၌ကစားဖြစ်ပါက ကွင်းအတွင်းဝင်ရောက်စဉ်နှင့် ဂိုးသွင်းယူစဉ် ဖွင့်လှစ်မည့်သီချင်းကို ကိုယ်တိုင်ရွေးချယ်ခွင့်ရမည်

ပရီးမီးယားလိဂ်ကို ကြားကွင်း၌ကစားဖြစ်ပါက ကွင်းအတွင်းဝင်ရောက်စဉ်နှင့် ဂိုးသွင်းယူစဉ် ဖွင့်လှစ်မည့်သီချင်းကို ကိုယ်တိုင်ရွေးချယ်ခွင့်ရမည်
Photos: Getty Images
Photos: Getty Images
Published 31 May 2020

ပြိုင်ပွဲပြန်လည်စတင်ရန် သဘောတူညီမှုရထားသော်လည်း ကျင်းပမည့်ကွင်းနှင့်ပတ်သက်၍ အပြီးသတ်မဆုံးဖြတ်ရသေးဘဲ ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ လက်ကျန်ပွဲများကို ကြားကွင်း၌ ကစားဖြစ်ပါက ဆွေးနွေးထားသည့် အချက်များကို Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အဖြစ် ကျင်းပရမည့်အသင်းအနေဖြင့် ကွင်း အတွင်းဝင်ရောက်စဉ်နှင့် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံစဉ် ဖွင့်လှစ်မည့်သီချင်းအပြင် ကွင်းအစီအစဉ် ကြေညာသူကိုပါ ကိုယ်တိုင်ရွေးချယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြားကွင်း၌ကစားဖြစ်ပါက အိမ်ရှင်အဖြစ် ကျင်းပရမည့်အသင်းများအနေဖြင့် ကွင်းအတွင်းဝင်ရောက်လာစဉ်နှင့် ဂိုးသွင်းယူစဉ် ဖွင့်လှစ်မည့်သီချင်းကို ကိုယ်တိုင်ရွေးချယ်ခွင့်ရမည်ဖြစ်ကြောင်း Daily Mail သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။

မတ်လဒုတိယပတ်ကတည်းက ရပ်နားထားရသည့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဇွန် ၁၇ ရက်တွင် ပြန်လည်စတင်ရန် ကလပ်အသင်းအားလုံး သဘောတူညီမှုရထားပြီးဖြစ်သည်။ လိဂ်ဖလားဗိုလ်လုပွဲကြောင့် ရွှေ့ဆိုင်း ထားရသည့် ပွဲစဉ် ၂၈ မှ ပွဲကျန်နှစ်ပွဲ ဖြစ်သည့် မန်စီးတီး-အာဆင်နယ်၊ ဗီလာ-ရှက်ဖီးယူနိုက်တက်ပွဲစဉ်များကို ဇွန် ၁၇ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ပုံမှန်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် ၃၀ ကို ဇွန် ၁၉ ရက်မှ ၂၁ ရက် အတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲပြန်လည်စတင်ရန် သဘောတူညီမှုရထားသော်လည်း ကျင်းပမည့်ကွင်းနှင့်ပတ်သက်၍ အပြီးသတ်မဆုံးဖြတ်ရသေးဘဲ ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ လက်ကျန်ပွဲများကို ကြားကွင်း၌ ကစားဖြစ်ပါက ဆွေးနွေးထားသည့် အချက်များကို Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အဖြစ် ကျင်းပရမည့်အသင်းအနေဖြင့် ကွင်း အတွင်းဝင်ရောက်စဉ်နှင့် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံစဉ် ဖွင့်လှစ်မည့်သီချင်းအပြင် ကွင်းအစီအစဉ် ကြေညာသူကိုပါ ကိုယ်တိုင်ရွေးချယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ရဲတပ်ဖွဲ့ကလည်း ကွင်း  အပြင်ဘက်၌ ပရိသတ်များစုဝေး ရောက်ရှိလာနိုင်သဖြင့် အနည်းဆုံး ပွဲစဉ်ခြောက်ပွဲနှင့် လီဗာပူးလ်အသင်း ချန်ပီယံဆုရရှိမည့်ပွဲကို ကြားကွင်း၌သာ ကစားရန် တိုက်တွန်းထား ကြောင်း သိရသည်။ ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ်ကိုးခုနှင့် ပွဲကျန် နှစ်ပွဲ၊ စုစုပေါင်း ၉၂ ပွဲ ကျင်းပရမည် ဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် နိုင်ပွဲနှစ်ပွဲ ထပ်မံရရှိရုံဖြင့် နှစ် ၃၀ ကြာဝေးကွာနေသည့် အမှတ်ပေး ချန်ပီယံဆုကို တစ်ကျော့ပြန်ဆွတ်ခူး ရယူနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့ချန်ပီယံဆုရရှိမည့်ပွဲစဉ်နှင့် တန်းဆင်းဇုန်တိုက်ပွဲ၊ ဥရောပပြိုင်ပွဲ ဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ် လာနိုင်သည့်ပွဲများကို ကြားကွင်း၌သာ ကစားစေရန် ရဲတပ်ဖွဲ့က ဆန္ဒရှိနေခြင်းဖြစ်သည်။ 

Most Read

Most Recent