ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပခွင့်ရရန်အဆင့်ဆင့်တင်ပြဆောင်ရွက်မည်ဖြစ်ပြီး သြဂုတ်တွင် ကျင်းပနိုင်ရန် လျာထား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပခွင့်ရရန်အဆင့်ဆင့်တင်ပြဆောင်ရွက်မည်ဖြစ်ပြီး သြဂုတ်တွင် ကျင်းပနိုင်ရန် လျာထား
Photos: MNL Facebook
Photos: MNL Facebook
Published 31 May 2020

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီတွင် လိဂ်ပြိုင်ပွဲလေးခု ကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်းအရေအတွက် များပြားသည့် လူငယ်လိဂ်ပြိုင်ပွဲနှစ်ခု ပြန်လည်ကျင်းပမည့်ပုံစံကို ထပ်မံဆွေးနွေးမည်ဖြစ်သည်။ စီနီယာလိဂ်နှစ်ခုဖြစ်သည့် MNL ပြိုင်ပွဲနှင့် MNL-2 (ပထမတန်း) ပြိုင်ပွဲတို့ကို ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကိုလည်း ပုံမှန်အတိုင်း ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန် အဆင့်ဆင့်တင်ပြဆောင်ရွက်မည်ဖြစ်ပြီး သြဂုတ်တွင် ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခင်က ဇွန်နောက်ဆုံးပတ်နှင့် ဇူလိုင်လဆန်းတွင် ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအနေအထားကြောင့် ထပ်မံ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ် လိဂ်ကော်မတီသည် ပြိုင်ပွဲကျင်းပနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေသလို ကျန်းမာရေးညွှန်ကြားချက်အပေါ် လိုက်နာပြီး ကျင်းပခွင့်ရရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

" ပြိုင်ပွဲကျင်းပမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး အမျိုးမျိုးကြားနေရပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ပြိုင်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာမှန်ပေမဲ့ ပြိုင်ပွဲဖျက်သိမ်းနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ ပြိုင်ပွဲကျင်းပရေးက ပြိုင်ပွဲပြန်စဖို့ အစီအစဉ်ရေးဆွဲပြီးရင် လိဂ်ကော်မတီကိုတင်ပြပြီးမှ သက်ဆိုင်ရာကို တင်ပြမယ်လို့ သိရပါတယ်။ ဒီ အချိန်မှာ အားလုံးခက်ခဲနေတာမှန်ပေမဲ့ အခက်အခဲတွေကြားကပဲ ဘောလုံးပြိုင်ပွဲတွေ ပြန်စနိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘောလုံးပြိုင်ပွဲတွေ ရပ်နားလိုက်ရင် နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိလာနိုင်ပါတယ်။ ရာသီနဲ့စာချုပ်ထားတဲ့ ကစားသမား တွေအတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဘောလုံးပြိုင်ပွဲ တွေ ပြန်စနေပြီဖြစ်သလို ပြန်လည်စတင်တော့မယ့် လိဂ်တွေလည်းရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာပြီး ကျင်းပရင် အကောင်းဆုံးဖြစ်လာမှာပါ" ဟု MNL ကလပ်အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီတွင် လိဂ်ပြိုင်ပွဲလေးခု ကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်းအရေအတွက် များပြားသည့် လူငယ်လိဂ်ပြိုင်ပွဲနှစ်ခု ပြန်လည်ကျင်းပမည့်ပုံစံကို ထပ်မံဆွေးနွေးမည်ဖြစ်သည်။ စီနီယာလိဂ်နှစ်ခုဖြစ်သည့် MNL ပြိုင်ပွဲနှင့် MNL-2 (ပထမတန်း) ပြိုင်ပွဲတို့ကို ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကိုလည်း ပုံမှန်အတိုင်း ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

MNL-2 ပြိုင်ပွဲမှာ ပထမအကျော့အပြီးတွင် ရပ်နားထားခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ရှစ်သင်းသာရှိသောကြောင့် စုစုပေါင်း ၂၈ ပွဲသာ ကျင်းပရမည်ဖြစ်သည်။ MNL အမှတ်ပေး ပြိုင်ပွဲမှာမူ ပွဲစဉ် ၁၀ ကျင်းပနေသည့်ကာလတွင် ရပ်နားခဲ့ရခြင်းဖြစ်ပြီး ပထမအကျော့ ပြီးဆုံးရန် ၁၀ ပွဲထပ်မံကစားရမည်ဖြစ်သည်။ ပြိုင်ပွဲအားလုံးပြီးဆုံးရန် စုစုပေါင်း ၇၆ ပွဲ ကျင်းပရမည်ဖြစ်ပြီး အကယ်၍ ကျင်းပခွင့်ရပါက နယ်မြို့များတွင် ကျင်းပရန် မလွယ်ကူသေးသောကြောင့် ရန်ကုန်မြို့၌သာ ကျင်းပ ရဖွယ်ရှိနေသည်။

Most Read

Most Recent