ဂျိုရှူအာကင်းကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ စိတ်ဝင်စားနေ

ဂျိုရှူအာကင်းကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ စိတ်ဝင်စားနေ
Published 25 May 2020

ဘုန်းမောက်အသင်းမှ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဂျိုရှူအာကင်းကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ စိတ်ဝင်စား နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ယင်းအသင်းများ၏အမည်စာရင်း ပါဝင်ခြင်းမရှိသော်လည်း ဇယားထိပ်ဆုံး(၆)သင်းမှ (၄)သင်းအထိ စိတ်ဝင်စားနေခြင်းဖြစ်သည်။

လက်ရှိပရီးမီးယားလိဂ်ထိပ်ဆုံး(၆)နေရာတွင် လီဗာပူးလ်၊ မန်စီးတီး၊ လက်စတာ၊ ချယ်လ်ဆီး၊ မန်ယူနှင့် ဝုလ်ဗ်အသင်းများ ရပ်တည်နေလျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလက ကင်းကို ခေါ်ယူရန် ပေါင်သန်း (၂၀)ဖြင့် ကမ်းလှမ်းခဲ့ပြီး ဘုန်းမောက်အသင်းမှ ပယ်ချခဲ့သဖြင့် ထပ်မံကမ်းလှမ်းမှု မပြုလုပ်တော့ ခြင်းဖြစ်သည်။

ကင်းသည် ဘုန်းမောက်အသင်းအတွက် (၁၆၃)ပွဲကစားရာတွင် (၄၈)ဂိုး သွင်းယူပေးထားပြီး လာမည့်ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ထို့ပြင် ကင်းမှာ နော်ဝေလက်ရွေးစင်အသင်းအတွက် ၂၀၁၂ စက်တင်ဘာလကတည်းက စတင်ကစားခဲ့ပြီး (၄၆)ဂိုးအထိ သွင်းယူပေးထားသည်။

Most Read

Most Recent