ရီးယဲလ်အသင်းအား လျှော့မတွက်ရန် မန်စီးတီးအသင်းဖော်များကို ဘာနာဒိုဆေးလ်ဗား သတိပေး

ရီးယဲလ်အသင်းအား လျှော့မတွက်ရန် မန်စီးတီးအသင်းဖော်များကို ဘာနာဒိုဆေးလ်ဗား သတိပေး
Photos: Sky Sports & Getty Images
Photos: Sky Sports & Getty Images
Published 22 May 2020

မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် အနိုင်ရထားသော်လည်း ရီးယဲလ်အသင်းအား လျှော့တွက်၍ မရကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။ 

မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် အနိုင်ရထားသော်လည်း ရီးယဲလ်အသင်းအား လျှော့တွက်၍ မရကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ဖေဖော်ဝါရီလက ဘာနေးဗျူးကွင်း၌ ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် ရီးယဲလ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ရပ်နားထားရသော်လည်း တာဝန်ရှိသူများက ပြိုင်ပွဲကို သြဂုတ်လတွင် ပြန်လည်စတင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ထို့ကြောင့် ရီးယဲလ်အသင်းကို အဝေးကွင်းတွင် အနိုင်ရထားသော်လည်း လျှော့တွက်ပါက ခံသွားရနိုင်ကြောင်း ဘာနာဒိုဆေးလ်ဗားက သတိပေးခဲ့ခြင်းဖြစ်သည်။ 

ဘာနာဒိုဆေးလ်ဗားက "ရီးယဲလ်အသင်းက ချန်ပီယံလိဂ်ဖလားကို စံချိန်တင် (၁၃)ကြိမ်အထိ ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ဒီလိုအသင်းကို လျှော့တွက်တဲ့ အသင်းက ခံသွားရမှာပါ။ သူတို့ကို ချန်ပီယံလောင်းစာရင်းက ထုတ်ထားလို့ မရပါဘူး။ ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်ကစားသမားတွေလောက်က အတွေ့အကြုံရှိတဲ့ ကစားသမား မရှိပါဘူး။ ဒါကြောင့် ပထမအကျော့ နိုင်ထားရုံလောက်နဲ့ ကျွန်တော်တို့အသင်း နောက်တစ်ဆင့်တက်ပြီးလို့ ပြောလို့ မရပါဘူး။ ရီးယဲလ်အသင်းမှာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးအပြည့်ရှိနေပါသေးတယ်။ ၂၀၁၈-၁၉ ရာသီက လီဗာပူးလ်အသင်းဟာ ဘာစီလိုနာကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ပြီးမှ (၄-၀)ဂိုးနဲ့ အနိုင်ခဲ့တာကို ကြည့်ပါလား။ ဘောလုံးမှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည်  ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ အမြင့်ဆုံးအဖြစ် ဆီမီးဖိုင်နယ်အဆင့်ထိသာ တက်ရောက်ဖူးပြီး ဂွါဒီယိုလာလက်ထက်တွင် ကွာတားဖိုင်နယ် တက်ရောက်ခြင်းမှာ အမြင့်ဆုံးဖြစ်သည်။

Most Read

Most Recent