နွေရာသီအပြောင်းအရွှေ့တွင် မန်ယူအသင်းအနေဖြင့် ငွေကြေးအမြောက်အမြား သုံးစွဲပြီး ဆန်ချို၊ ဆာအူလ်နှင့် ကူလီဘလီတို့ကို ခေါ်ယူသင့်သည်ဟု အသင်းနောက်ခံလူဟောင်း ဖာဒီနန် အကြံပြု

နွေရာသီအပြောင်းအရွှေ့တွင် မန်ယူအသင်းအနေဖြင့် ငွေကြေးအမြောက်အမြား သုံးစွဲပြီး ဆန်ချို၊ ဆာအူလ်နှင့် ကူလီဘလီတို့ကို ခေါ်ယူသင့်သည်ဟု အသင်းနောက်ခံလူဟောင်း ဖာဒီနန် အကြံပြု
Photos: Getty Images
Photos: Getty Images
Published 20 May 2020

မန်ယူအသင်းအနေဖြင့် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့လျှင်လည်း ကျောနံပါတ် ၇ ဂျာစီကို ပေးသင့်ကြောင်း အကြံပြုခဲ့သည်။ "ကျွန်တော်သာဆို (ကျောနံပါတ် ၇ ဂျာစီကို ဆန်ချိုကို ပေးအပ်မှု) ဒါမျိုးလုပ်ဆောင်မှာပါ။ သူဟာ ဒီဂျာစီနဲ့ထိုက်တန်တဲ့ စရိုက်လက္ခဏာမျိုး ရှိပါတယ်။ သူ့ကိုယ်သူ လည်း ယုံကြည်မှုအမြင့်ဆုံး ရှိနေပါတယ်။ သူတို့အနေနဲ့ ဒါကို လက်ခံယုံကြည်မှာပါ။ ဒါကြောင့် ကျွန်တော်သာဆို သူ့ကို ဒီဂျာစီနံ ပါတ်ပေးပြီး သူ့ရဲ့ပခုံးပေါ်ကို ဖိအားတွေတင် ပေးလိုက်မှာဖြစ်ပါတယ်" ဟုလည်း ဖာဒီနန်က  မှတ်ချက်ပြုခဲ့သည်။ 

လာမည့်နွေရာသီအပြောင်းအရွှေ့ကာ လအတွင်း မန်ယူအသင်းအနေဖြင့် ငွေကြေး မြောက်မြားစွာ သုံးစွဲပြီး ဒေါ့မွန်တိုက်စစ်က စားသမား ဆန်ချို၊ အက်သလက်တီကိုကွင်းလယ်လူ ဆာအူလ်နှင့် နာပိုလီနောက်ခံလူ ကူလီဘလီတို့ကို ခေါ်ယူသင့်သည်ဟု အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က တိုက်တွန်းခဲ့သည်။ ယင်းကစားသမားများသည် မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ထိပ်ဆုံးနှစ်သင်းအကြား ကွာဟချက်ကို ကျဉ်းမြောင်းသွားအောင် ကူညီပေးနိုင်မည်ဟုလည်း ဖာဒီနန်က ယုံကြည်လျက်ရှိသည်။

မန်ယူအသင်းသည် ဗိုင်းရပ်စ်ကပ်ဘေး ကာလမတိုင်မီက နွေရာသီစျေးကွက်တွင် ငွေကြေးအမြောက်အမြားသုံးစွဲရန် ရည်မှန်းထားသော်လည်း လက်ရှိအခြေအနေကြောင့်  မည်သို့ရင်းနှီးမြှုပ်နှံမည်ဆိုသည်ကို စောင့် ကြည့်ရမည်ဖြစ်သည်။ BBC Radio 5 Live အစီအစဉ်တွင် မန်ယူအသင်းခေါ်ယူသင့်သည့် ကစားသမားများနှင့်ပတ်သက်ပြီး ဖာဒီနန်က " ဆန်ချို၊ ကူလီဘလီနဲ့ ဆာအူလ်ပါပဲ။ ဟာရီကိန်းကိုလည်း ချိတ်ဆက်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ ကျွန်တော် ကတော့ တိုက်စစ်ကစားသမားတစ်ယောက် ခေါ်ယူမယ်ဆိုရင် ဆန်ချိုကိုခေါ်ဖို့ တိုက်တွန်းချင်ပါတယ်။ လက်ရှိအချိန်မှာ သူတို့(မန်ယူ အသင်း)မရရှိတဲ့အရာကို သူက အနည်းငယ် အားဖြည့်ပေးနိုင်မှာပါ" ဟု ဖာဒီနန်က တိုက်တွန်းခဲ့သည်။ 

ထို့ပြင် မန်ယူအသင်းအနေဖြင့် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့လျှင်လည်း ကျောနံပါတ် ၇ ဂျာစီကို ပေးသင့်ကြောင်း အကြံပြုခဲ့သည်။ "ကျွန်တော်သာဆို (ကျောနံပါတ် ၇ ဂျာစီကို ဆန်ချိုကို ပေးအပ်မှု) ဒါမျိုးလုပ်ဆောင်မှာပါ။ သူဟာ ဒီဂျာစီနဲ့ထိုက်တန်တဲ့ စရိုက်လက္ခဏာမျိုး ရှိပါတယ်။ သူ့ကိုယ်သူ လည်း ယုံကြည်မှုအမြင့်ဆုံး ရှိနေပါတယ်။ သူတို့အနေနဲ့ ဒါကို လက်ခံယုံကြည်မှာပါ။ ဒါကြောင့် ကျွန်တော်သာဆို သူ့ကို ဒီဂျာစီနံ ပါတ်ပေးပြီး သူ့ရဲ့ပခုံးပေါ်ကို ဖိအားတွေတင် ပေးလိုက်မှာဖြစ်ပါတယ်" ဟုလည်း ဖာဒီနန်က  မှတ်ချက်ပြုခဲ့သည်။ 

လက်ရှိတွင် ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပထိပ်တန်းကလပ် အသင်းများအနေဖြင့် ဘဏ္ဍာရေးပြဿနာ ကြုံတွေ့နေရသော်လည်း ဒေါ့မွန်အသင်းမှာမူ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နှင့်အထက်ရမှ လက်လွှတ်သွားဖွယ် ရှိနေသည်။ ဆီနီဂေါနောက်ခံလူ ကူလီဘလီအတွက် နာပိုလီအသင်းမှ ပြောင်းရွှေ့ ကြေး ပေါင် ၈၉ သန်းအထိ အလိုရှိနေပြီး မန်ယူအသင်းမှာမူ ၎င်းထက် လူငယ်နောက်ခံလူများကိုသာ ဦးစားပေးဖွယ်ရှိနေသည်။ ဆာအူလ် မှာလည်း အက်သလက်တီကို အသင်း၏အရေးပါသောကစားသမားဖြစ်သဖြင့် ခေါ်ယူနိုင်ရန် ဖြစ်နိုင်ခြေနည်းပါးနေသည်။

Most Read

Most Recent