ဟာသာဘာလင်သို့ပြောင်းရွှေ့ရန် ကာရီယပ်စ် သဘောတူညီမှုရရှိ

ဟာသာဘာလင်သို့ပြောင်းရွှေ့ရန် ကာရီယပ်စ် သဘောတူညီမှုရရှိ
Photos: Getty Images
Photos: Getty Images
Published 13 May 2020

ဂျာမန် ယူ-၂၁ ဂိုးသမားဟောင်း ကာရီယပ်စ် (၂၆ နှစ်)သည် ၂၀၁၈ နွေရာသီက တူရကီကလပ် ဘက်ဆစ်တက်အသင်းသို့ (၂)ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားနေသူဖြစ်သည်။

လီဗာပူးလ်အသင်း၏ ဂိုးသမားတစ်ဦးဖြစ်သူ ဂျာမန်ဂိုးသမား ကာရီယပ်စ် သည် ဂျာမန်ကလပ် ဟာသာဘာလင်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီ မှုရရှိခဲ့ကြောင်း သိရသည်။ 

ဂျာမန် ယူ-၂၁ ဂိုးသမားဟောင်း ကာရီယပ်စ် (၂၆ နှစ်)သည် ၂၀၁၈ နွေရာသီက တူရကီကလပ် ဘက်ဆစ်တက်အသင်းသို့ (၂)ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားနေသူဖြစ်သည်။

ယခုအခါ ကာရီယပ်စ်သည် ဘက်ဆစ်တက်အသင်းနှင့် အငှားစာချုပ်ကို ဖျက်သိမ်းပြီး ဟာသာဘာလင်အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ကာရီယပ်စ် သည် ၂၀၁၆ ခုနှစ်တွင် ဂျာမန်ကလပ် မိန့်ဇ်အသင်းမှ လီဗာပူးလ်သို့ ရောက်ရှိလာသူဖြစ်ပြီး ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အမှားအယွင်းများခဲ့ခြင်းကြောင့် ဝေဖန်မှုများခံခဲ့ရကာ ဘက်ဆစ်တက်သို့ အငှားချခံရသူဖြစ်သည်။