နည်းပြဟောင်း ဂွါဒီယိုလာကို ဘာစီလိုနာအသင်းထံ ပြန်လည်ခေါ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု လာမည့်နှစ်ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးကောက်ခံမည့် လာပေါ်တာ ပြောကြား

နည်းပြဟောင်း ဂွါဒီယိုလာကို ဘာစီလိုနာအသင်းထံ ပြန်လည်ခေါ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု လာမည့်နှစ်ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးကောက်ခံမည့် လာပေါ်တာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 13 May 2020

လာပေါ်တာသည် ဘာစီလိုနာအသင်း တွင် ၂၀၀၃ မှ ၂၀၁၀ ပြည့်နှစ်အထိ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ၏ သက်တမ်းအတွင်း ၂၀၀၈ ခုနှစ်တွင် ဂွါဒီယိုလာကို လူငယ်အသင်းမှ စီနီယာအသင်းနည်း ပြအဖြစ် ယုံယုံကြည်ကြည်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိအသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမူသည် လာမည့်နှစ်နွေရာသီတွင် ရာထူး မှ နုတ်ထွက်မည်ဖြစ်ပြီး လာပေါ်တာအနေဖြင့် ယင်းနေရာအတွက် ဝင်ရောက်ရွေးချယ်ခံမည်ဟု အတည်ပြုကြေညာထားသည်။ 

၂၀၂၁ ခုနှစ်၌ပြုလုပ်မည့် ဘာစီလိုနာ အသင်းဥက္ကဋ္ဌရွေးကောက်ပွဲတွင် ပြန်လည် ရွေးချယ်ခံမည့် ဥက္ကဋ္ဌဟောင်း ယိုအန်လာပေါ်တာက လက်ရှိမန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို ဘာစီလိုနာအသင်းသို့ ပြန်လည်ခေါ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု ထုတ် ဖော်ပြောကြားခဲ့သည်။ ထို့ကြောင့် လာပေါ်တာအနေ ဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရလျှင် ဂွါဒီယိုလာကို ဘာစီလိုနာနည်းပြအဖြစ် ပြန် လည်ခန့်အပ်ရန် ကြိုးပမ်းသွားမည်မှာ သေချာသလောက်ရှိနေသည်။

လာပေါ်တာသည် ဘာစီလိုနာအသင်း တွင် ၂၀၀၃ မှ ၂၀၁၀ ပြည့်နှစ်အထိ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ၏ သက်တမ်းအတွင်း ၂၀၀၈ ခုနှစ်တွင် ဂွါဒီယိုလာကို လူငယ်အသင်းမှ စီနီယာအသင်းနည်း ပြအဖြစ် ယုံယုံကြည်ကြည်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိအသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမူသည် လာမည့်နှစ်နွေရာသီတွင် ရာထူး မှ နုတ်ထွက်မည်ဖြစ်ပြီး လာပေါ်တာအနေဖြင့် ယင်းနေရာအတွက် ဝင်ရောက်ရွေးချယ်ခံမည်ဟု အတည်ပြုကြေညာထားသည်။ 

ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့်ချုပ်ဆိုထားသည့်စာချုပ်မှာ လာမည့် ၂၀၂၁ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိတွင် မန်စီးတီးအသင်းမှာ UEFA ၏ဘဏ္ဍာ ရေးကန့်သတ်မှုစည်းမျဉ်းကို ချိုးဖောက်သ ဖြင့် ဥရောပဝင်ခွင့် နှစ်နှစ်ပိတ်ပင်ခံခဲ့ရပြီး လက်ရှိတွင် ယင်းပြစ်ဒဏ်အတွက် အယူခံဝင်ထားလျက်ရှိသည်။ ထို့ကြောင့် ဂွါဒီယိုလာ၏အနာဂတ်အတွက် မေးခွန်းထုတ်မှုများရှိခဲ့သော်လည်း ၎င်းကိုယ်တိုင်က စာချုပ်သက်တမ်းကုန်ဆုံးမည့် လာမည့်ရာသီကုန်အထိ အသင်းတွင်အနည်းဆုံးရှိနေမည်ဖြစ်ကြောင်း အတိအလင်းဝန်ခံထားသည်။ ဂွါဒီယိုလာသည် ဘာစီလိုနာကိုကိုင်တွယ်ခဲ့စဉ်က ဆုဖလားများစွာရရှိခဲ့ပြီး လာလီဂါချန်ပီယံဆု သုံးကြိမ်နှင့် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၄ လုံး ရယူနိုင်ခဲ့သည်။

"ပက်(ဂွါဒီယိုလာ)သာ ပြန်လာခဲ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ အလွန်ဝမ်းသာကျေနပ်မိမယ်။ ဒါပေမဲ့ အခုချိန်မှာ သူက မန်စီးတီး အသင်းမှာပါ။ ဆုံးဖြတ်ချက်ကတော့ သူပဲ ချမှတ်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ဆက်စပ်တဲ့လူတိုင်းအတွက် သူဟာ ရည်ညွှန်းစရာသင်္ကေတတစ်ခုပါ။ သူသာ အသင်းနည်းပြအ ဖြစ် ပြန်လာခဲ့မယ်ဆိုရင် ပရိသတ်တွေအဖို့ ရင်ဖိုစိတ်လှုပ်ရှားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခု ကျွန်တော် ကိုယ်စားလှယ်လောင်းအလုပ်ကို လုပ်ဆောင်နေပါတယ်။ ကလပ်ဥက္ကဋ္ဌအဖြစ် ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ။ ဒီရာထူးကို နောက်တစ်ကြိမ် ပြန်ယူရမှာကိုလည်း နှစ်သက်ပါတယ်" ဟု လာပေါ်တာက ပြောကြားခဲ့သည်။

Most Read

Most Recent